Change The Ending
သူပြောင်းလဲချင်ခဲ့တယ်။
Swan lake ရဲ့ ဇာတ်သိမ်းကို။
သူ့ဆန္ဒများ ....
ပြည့်ဝခဲ့သည်။~~~~~~~~~~~~~~~~~~~~~
ထုံးစံအတိုင်း လူအပြည့် ဖြစ်နေပြန်သည့် တရားရုံး။
အနှိမ့်သံဖြင့်ပြောနေကြသော စကားဝိုင်းများစွာဟာ အသံလှိုင်းပေါင်းများစွာကို ဖန်တီးလိုက်တော့ အခန်းအတွင်း ဆူဆူညံညံ။
သူတို့ တီးတိုးပြောဆိုနေကြသော ဝေဖန်ရေးစက်ကွင်း၏ ဗဟိုချက်ကတော့ ပတ်ခ်ဆောင်ဟွန်း ။
တရားပြိုင် ခုံတွင် အေးစက်စွာ ထိုင်နေသော ဆောင်ဟွန်း၏ မျက်နှာမှာ အသက်မဲ့သူ တစ်ယောက်လို။
လည်ပင်းပေါ်က ပတ်တီးဖြူဖြူနှင့် ဖျော့တော့နေသော နှုတ်ခမ်းပါးက သူ၏ သဏ္ဍာန်အား ပို၍ အကျည်းတန်စေရန် အားဖြည့်ပေးသည်။
တစ်သမတ်ထဲ တည်ငြိမ်နေတဲ့ သူ၏ မျက်လုံးတွေထဲတွင် ပျောက်ဆုံးသွားသည်က ယခင်လို မာန်မာန တစ်ခုတည်း မဟုတ်ပဲ ဘာဆိုဘာမှ မကျန်တော့သည်အထိ ဗလာကျင်းသွားခြင်းသာ။
အသက်ရှူရုံသာရှူသည့် အခွံသာသာ သူ၏ ကိုယ်ထည်။
ထိုသို့ အပြိုပြိုအလဲလဲဖြစ်နေတဲ့ သူရဲ့ ပုံစံဟာ လူတွေနှုတ်ဖျားထက် အရသာတွေ့လျှက်။
သည်လို အချိန်ရောက်လာမည်ကို သူတို့ အရမ်း မျှော်တလင့်လင့် စောင့်စားခဲ့ကြတာမလား။
ပတ်ခ်ဆောင်ဟွန်း လဲပြိုသွားမယ့်အချိန်။
အမှိုက်တစ်စလို့ လွင့်စင်သွားမယ့် အချိန်။ဘေးနားတွင် လှစ်လပ်နေသော နေရာလေးအား စောင်းငှဲ့ကြည့်မိတော့ အသုံးမကျသည့် မျက်ရည်စများဟာ ရစ်သိုင်းလာပြန်သည်။
သူ့ဘက်တွင် တာဝန်ခံရှေ့နေတောင် ရှိမနေခဲ့သည့် သူ၏ တရားဆိုင်၊
သူဟာ အဆုံးထိ တစ်ယောက်တည်းပဲ ၊
ရှုံးနှင့်နေပြီးသား ၊
ဂျယ်ယွန်းဆိုတဲ့ လူသား သူ့ကို စွန့်ပစ်သွားကတည်းက သူက အဖက်ဆည်မရအောင် ရှုံးသွားခဲ့တာ။တရားပြိုင်ရှေ့နေ မရှိသည့် ကြားနာမှုဟာ အနည်းငယ်တော့ ကသိကအောက် ဖြစ်လှသည်။
တစ်လောကလုံးနဲ့တစ်ယောက် စစ်မက်ခင်းနေရသလိုမျိုး။
စစ်ခင်းတယ် ဘယ်ဆိုလို့ပါ့တော့ မလဲ။
ဆောင်ဟွန်းက လက်နက်ချ နှင့်လိုက်ပြီလေ။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette