Odette or Odile
မက်မောမိတဲ့ တစ်ခုတည်းသောအရာ၊
အချစ်စစ်ဆိုတာ ငန်းနက်တစ်ကောင်အတွက်တော့ မထိုက်တန်ခဲ့ဖူးမလား။
မျက်ဝန်းတွေကို အနက်ရောင်ခြယ်၊
ရှည်လျား မှော်ဆန်တဲ့ တောင်ပံတစ်စုံနဲ့ ကခုန်လို့ လှည့်စားမယ်။
ရုပ်နာမ်ကို Odette အသွင်ယူခဲ့ပေမယ့်
နစ်မွန်းရတဲ့ နှလုံးသားကတော့ စစ်မှန်ခဲ့ပါတယ်။
အို.... Odile
ချစ်ရသူက စက်ဆုတ်တာလောက်
ရင်ကွဲစရာ နည်းလမ်းအသစ်ရှိသေးလား။~~~~~~~~~~~~~~~~~~~
ဗလာကျင်းနေသည့် ခြေဖဝါးနုနုတွင် သွေးစို့ပြတ်ရှရာ အချို့နှင့်ဆောင်ဟွန်းက ဘေးလူ၏ အကူအညီကို တစ်ချက်လေးတောင် မတောင်းခံပဲ ထော့နဲ့နေသော ခြေလှမ်းတို့ဖြင့်သာ ရှေ့မှ ဦးဆောင်၍ လျှောက်လှမ်းနေသည်။
ဘယ်ညာယိုင်ထိုးနေသော သဏ္ဍာန်ငယ်လေးရဲ့နောက် ခပ်လှမ်းလှမ်းအကွာအဝေးမှ လိုက်ပါ လာသည့် ဂျယ်ယွန်းအနေဖြင့် အခုတက်နိုင်သည်က စိတ်မသက်သာစွာဖြင့် ခေါင်းမာသည့် ထိုကောင်ငယ်လေးအား ငေးကြည့်နေရုံသာ။"ဟို ဒီဆေးရုံက ဘယ်နားမှာရှိတာလည်း ။
ဘယ်လိုပြန်ရင် အိမ်ပြန်ရောက်မှာလည်း။"ကျယ်ပြန့်လှတဲ့ ဆေးရုံဝင်းအတွင်းမှာ ဆက်တိုးစရာလမ်းတို့ဟာ အဆုံးသတ်သွားသလို မရင်းနှီးတဲ့ပတ်ဝန်းကျင်ကြောင့် အကြည့်တွေကိုသာ ဝေ့လည်ကြောင်ပတ်လုပ်လို့ ကြံရာမရတော့တဲ့အဆုံး ဆောင်ဟွန်း အကူအညီတောင်းလို့ရမယ့်သူဟာ သူ့နောက်မှာ ရပ်နေသည့် ဂျယ်ယွန်းအပြင်မရှိကြောင်း လက်ခံလိုက်ရသည်။
မာနကြောင့်သာ သူ့မျက်နှာထားဟာ တင်းခံနေပေမယ့် အရိုးသားဆုံးဝန်ခံရရင် သူ့မှာ bus ကား စီးဖို့တောင် လုံလောက်တဲ့ ငွေပမာဏ ရှိမနေ။
နောက်ကြောင်းပြန်လှည့်မိတဲ့ ဦးတည်ရာဟာ ခြေလှမ်းနှေးနှေးလှမ်းတတ်တဲ့ ဂျယ်ယွန်းဆီသို့ဖြစ်ပြီး ခပ်မာမာလေသံနဲ့ မေးခွန်းထုတ်မိတော့ မထင်မှတ်ထားသည့်လုပ်ရပ်က ထိုလူသားဟာ ဆောင်ဟွန်းကို ဥပက္ခာပြုလို့ ကျော်တက်သွားသတဲ့။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette