Unicode
Culprit
စိတ်ရဲ့ အမှောင်ထုဟာ ကူးစက်ရောဂါလို ပျံ့နှံ့သွားသည်။
စွဲချက်တွေနဲ့ လွှမ်းခြုံသွားတဲ့ ဝိဥာည်၊
မုသားတွေ ဝါးမြိုသွားလိုက်တာ အမှန်တရားတို့ ကျဆုံးခန်းတိုင်တဲ့အထိ။
တစ်စုံတစ်ယောက်
ဆန္ဒရှိရင် ယုံကြည်ပေးပါ...
ငါဟာ အပြစ်မဲ့တဲ့ တရားခံ ။~~~~~~~~~~~~~
အလုပ်ချိန်ကျော်လွန်သွားပြီးမလို့ အမှောင်ချလိုက်သည့် အဆောက်အအုံအတွင်းမှ အလျှိုလျှို ထွက်လာကြသည့် အိမ်ပြန်ဖို့ တက်ကြွနေကြသော အကသမားနဲ့ ဝန်ထမ်းတွေ။
လုံခြုံရေး ကင်မရာကနေ လူအုပ်ကြီးကို စောင့်ကြည့်နေတဲ့ ညစောင့် ဦးလေးကြီးက အဆောက်အအုံအတွင်းရှိ လူတွေအားလုံး ကုန်သွားမယ့် အချိန်လောက်ထိ ကော်ဖီမစ်တစ်ထုတ်ကို ဖျော်သောက်ရင်း ခနလောက် စောင့်သည်။
တရွေ့ရွေ့ ကုန်ဆုံးသွားသည့် အချိန်တွေမှာ ငိုက်မြည်းချင်သလိုလာတာမလို့ တာဝန်ကျ ညစောင့်က ဓါတ်မီးတစ်လက် ထိုးရင်း တစ်လွှာချင်းစီက အကခန်းတွေအား လိုက်စစ်ဆေးခြင်းအမှုကို သာမန်နေ့တွေထက်စောလို့ စတင်သည်။"စောစောပြီး စောစော အိပ်လို့ရတာပေါ့ကွာ"
တိတ်ဆိတ်ငြိမ်သတ်နေသည့် အခန်းတွေအတွင်းကို ဟိုဟိုဒီဒီ ဓါတ်မီးဖြင့်ထိုးကား စစ်ဆေးနေရင်း တတိယမြောက် အခန်းထိ သာမန်ကာ လျှံကာ ဖြတ်လျှောက်ခဲ့ပေမယ့် စတုတ္ထမြောက်အခန်းနား မရောက်ခင် နားထဲသို့ အလုံးအရင်း ဝင်လာသည့် ခြေသံလို တရှပ်ရှပ်ဖြတ်ပြေးနေသည့် အသံကြောင့် အိပ်ချင်စိတ်တို့ဟာ အဝေးသို့ မောင်းထုတ်ခံလိုက်ရသည်။
ယိုင်တိုင်တိုင်ခြေလှမ်းတို့ဟာလည်း တသမတ်တည်း ရပ်တန့်သွားရပြီး ဓါတ်မီးအား ဆုပ်ကိုင်ထားသည့်လက်မှာ တုန်ရင်လာသည်။
ထိုအခန်းနားသို့ နီးကပ်လာလေ ကြမ်းပြင်ပေါ် ရှပ်တိုက်ပြေးလွှားနေသည့် ခြေသံတွေက ပိုကျယ်လောင်လောင်လာလေ။ လျှောက်လမ်းပေါ် တပြေညီကျရောက်နေသည့် ဓါတ်မီး အလင်းရောင်ကို ဦးတည်ရာမရှိ တောင်ရောက် မြောက်ရောက် လျှောက်ထိုးနေရင်း အခန်းပြတင်းမှန်နားသို့ တိုးကပ်လိုက်ကာ အခန်းအတွင်းထဲသို့ မဝံ့မရဲ ကြည့်လိုက်မိသည်။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette