Villain
ဇာတ်လမ်းတိုင်းမှာ ရာဇဝတ်ကောင်ဆိုတာရှိစမြဲပဲ။
မင်းတို့ချစ်ခြင်းတွေသာ ဒဏ္ဍာရီပုံပြင်ဖြစ်ခဲ့ရင် ငါက ဗီလိန်ဖြစ်လိမ့်မယ်။
အဆုံးသတ်မှာ မင်းတို့ မှတ်ဥာဏ်တွေထဲ မကောင်းတဲ့သူအဖြစ် ကျန်ခဲ့ရမယ့် အရှုံးသမားပေါ့။
ကြေကွဲစရာ ပါပဲ။
ငါ ချစ်ခြင်း အနုပညာကို ကျွမ်းကျွမ်းကျင်ကျင် မအောင်မြင်ခဲ့ဘူး။
ဒါပေမယ့်ကွယ် အမြဲရှုံးတဲ့သူဖြစ်မယ်ဆိုရင်တောင် ၊
ငါက အဆုံးမှာ သေဆုံးသွားရမယ် ဆိုရင်တောင်
ငါက မင်းကို ကယ်တင် နိုင်တဲ့သူပဲ ဖြစ်ရမယ်။
အပြစ်ကြွေးတွေနဲ့ အနှိုင်းပိုင်းမိတယ် ဆိုရင်တောင်ပေါ့။ငါတို့နှစ်ယောက်လုံးက ဒီဒဏ္ဍာရီထဲမှာ သိပ်ပျော်စရာကောင်းတဲ့အဆုံးသတ်ကို ဖန်တီးခဲ့တာမဟုတ်ဘူးပဲ။
နှစ်ယောက်ထဲက တစ်ယောက်ကတော့ အပြစ်ရှိစိတ်တွေနဲ့ အသက်ဆက်ရရှာမယ်။
ချစ်ရသူတွေကို ပျော်ရွှင်စေချင်တဲ့ ငါ့ပန်းတိုင်၊
အရာအားလုံး ချုပ်ငြိမ်းသွားတဲ့အခါ ပရမ်းပတာပျောက်ကွယ်သွားသော မှိန်ဖျော့သောကမ္ဘာထဲသို့ ၊
ဗီလိန်......
အမုန်းတွေလက်ခံဖို့ သတ်မှတ်ထားပြီးသား ဗီလိန်။~~~~~~~~~~~~~~~~~~
ဆောင်ဟွန်းရဲ့နှုတ်ဖျားမှ ထွက်ကျသည့် စကားတစ်ခွန်ဆီတိုင်းဟာ သူ့နှလုံသားအား မတော်တဆ စိုက်ဝင်သွားသည့် ဓါးချက်များ။
သူချစ်ရသူ အားလုံးဟာ ဘာလို့ Onsra တစ်ခုတည်းကိုသာ မြင်ပြီး မေတ္တာတရားတွေကို မမြင်ကြတာလဲ။
သူ၏ တစ်ဦးတည်းသော သွေးသားဖြစ်သူ ဖခင်ရော ၊ ချစ်ရသူရော။
မေတ္တာတရားတွေကို သွေးအေးစွာ ကျောခိုင်းရတဲ့ အကြောင်းပြချက်က လောဘတစ်ခုတည်းကြောင့်ပဲလား။
ဘယ်ဟုတ်မလဲ အတ္တတွေ မာနတွေက ဦးဆောင်တာပေါ့။
စိတ်ရဲ့ ဒုစရိုက်တွေလေ။ဂျေး အတွက်တော့ ဘဝတွင် အမက်မောဆုံးအရာက နွေးထွေးကြင်နာမှုသာ။
အာဏာနှင့် ငွေကြေးဟာ လူတွေကို လူသားမဆန်မှုအား ဖြစ်စေမှန်း သူငယ်စဥ်ကတည်းက သဘောပေါက်ခဲ့သည်လေ။
ထိုသို့ သူ့၏ ရိုးရှင်းလှသည့် အတွေးတွေဟာ အတ္တတွေရဲ့ အားပြိုင်မှုကြား တိုးမပေါက်။
သူ အငတ်မွတ်ဆုံးအရာဟာ နွေးထွေးမှုတွေ ဖြစ်ပေမယ့် သူ့ဘေးနားက သူများကိုတော့ အတတ်နိုင်ဆုံးနွေးထွေးစေခဲ့သည်။
သို့ပေမယ့် ပုထုစဥ်လူသားပဲ တန်ပြန်မှုကိုတော့ မျှော်ကိုးတာပေါ့။
YOU ARE READING
Melancholy Lake
FanfictionGraceful swan,my deep regret,you nevermore shall be Odette