အခန်း၁၁

200 6 1
                                    

"အရှင်"

နူးညံ့စွာခေါ်လိုက်သည့်အသံ​ကြောင့်အတ္တပေမ မျက်လုံးကိုအသာအယာဖွင့်ပြီးကြည့်တော့ အမောင်ရှား၏စိိုးရိမ်ပူပန်နေသည့်မျက်နှာကိုတွေ့မိရသည်။

"အရှင်၊ဆေးသောက်ဖို့အချိန်ရောက်ပါပြီ"

"အင်း"

အတ္တပေမ သလွန်ပေါ်လှဲနေရာကနေထလိုက်ပြီး အလုံးစုံမထိုင်နိုင်သေးသောကြောင့်ကျောပြင်ကိုသလွန်စောင်းဖြင့်မှီကပ်ထား၍ ကိုယ်တစ်ဝက်ကိုလှဲလျောင်း ထားသည်။ နောက်တော့အမောင်ရှားပေးသည့် ရွှေခွက်ကိုယူကာကြည့်လိုက်တော့အစိမ်းပုတ်ရောင်အရည်တွေကြောင့် နှာခေါင်းရှုံ့မိသွား၍ အော့အန်ချင်စိတ်ဖြစ်လာမိသည်။သို့သော်လည်းကျန်းမာရေးအရ သောက်ရမည်ဖြစ်သည်ကြောင့်မျက်လုံးစှံမှိတ်၍ အလုံးစုံမော့ချပစ်လိုက်သည်။ ဆေးတွေအကုန်မော့ပြီးတော့အမောင်ရှားပေးသည့် ရေခွက်ကိုအလျှင်လေးယူ၍ပါးစပ်ကခါးသက်မှုတွေကိုဖယ်ရှားပစ်လိုက်သည်။

မနေ့ကတစ်ညလုံး တစ်ကိုယ်လုံးတွင်အပူမီးများလောင်မြိုက်နေကာ ရေထဲဘယ်လောက်စိမ်ထားစိမ်ထားထိုပူလောင်မှုက မပပျောက်ချေ။ထို့ကြောင့် အတ္တပေမထိုပူလောင်မှုတွေကိုဖြေဖျောက်ဖို့မိမိဘာသာသာစွမ်းဆောင်လိုက်ပြီး ပြီးမြောက်သွားချိန်မှာ ခန္ဓာကိုယ်ကအဆင်ပြေသွားသလိုဖြစ်ပေမဲ့ ရေထဲမှာအကြာကြီးနေလိုက်ရသည့်နောက်ဆက်တွဲကြောင့် အဖျားဝင်လာလေသည်။

အတ္တပေမ ရေကိုကုန်စင်အောင်သောက်ပြီးခွက်ကိုအမောင်ရှားကိုပေးလိုက်သည်။

"ဦးညောင်ဘယ်ရောက်နေလဲအမောင်"

"အရှင်စားဖို့အတွက်သူကိုယ်တိုင်ပြင်ဆင်နေတာကြောင့် မီးဖိုဆောင်ထဲရောက်နေပါတယ်အရှင်"

"အင်း။သွားတော့"

"ဟုတ်ကဲ့ပါအရှင်"

အမောင်ရှား အရှင့်၏ဆေးခွက်နဲ့ရေခွက်ကိုဗန်းထဲထည့်ယူ၍ထွက်ဖို့မတ်တပ်ရပ်လိုက်ကာ ဂါရဝပြုပြီးနောက်ထွက်ခွာဖို့ပြင်ပြီးခါမှ တစ်ဖန်အရှင့်ဘက်သို့လှည့်လာကာ

"အရှင်"

"အင်း"

"အရှင့်ကို ပီယဆေးကြွေးတဲ့လူကဘယ်သူလဲအရှင်"

အရှင် Where stories live. Discover now