အခန်း၁၃

173 7 0
                                    

လေပြည်ညှင်းကတိုက်တော့ မြက်ပင်ရှည်ရှည်တွေ ယိမ်းယိုင်နေသည်။ ထိုမြက်ပင်တွေ၏ရှည်လျားမှုသည်လူတစ်ယောက်ကိုဖုံးကွယ်နိုင်သည်။

မြက်ပင်တွေ၏ယိမ်းယိုင်မှုသည်လေထက်ပို၍လှုပ်ရှားလာသည့်အခါ ထိုမြက်ပင်တွေသည်လေတိုက်မှုကြောင့်မဟုတ်မှန်းသိသာသည်။ထိုမြက်ပင်တွေကြားလူတစ်စုမှာတိုးဝှေ့၍ မြက်ပင်တွေ၏အပြင်ဘက်သို့ထွက်လာလေသည်။ လူအားဖြင့်၃ယောက်လောက်ရှိမည်။မိန်းမတစ်​ယောက်၊လူငယ်အမျိုးသားတစ်ယောက်၊လူထွားကြီးတစ်ယောက်ဖြစ်လေသည်။သူတို့တွေသည်အနက်ရောင်ဝတ်စုံတွေကိုခြေထိလုံအောင်ဝတ်ထားပြီးမိန်းမတစ်ယောက်ကသာရင်ဘတ်ကိုအမဲရောင်အဝတ်ဖြင့်စည်းထားပြီး ခါးကိုဖော်ထားကာအောက်တွင်အနက်ရောက်စကပ်အရှည်ကိုဝတ်ထားသည်။

ထိုအမျိုးသမီးသည်ရှည်လျားသည့်ဆံပင်ကောက်ကောက်တွေရှိပြီး ​လှပသည့်​မျက်နှာထားအသွင်ပေါက် လူငယ်အမျိုးသားကတော့ရင့်ကျက်ပြီးတည်ငြိမ်သည့်အမျိုးသားအသွင်၊သို့ပေမဲ့မျက်နှာထားသည်ခက်ထန်သည်။သန်မာထွားကြိုင်းသည့်လူ၏မျက်နှာထားကတော့အကျည်းတန်လှသည်။ သူတို့သုံးယောက်သည်တစ်ဖွဲ့ဖြစ်ပြီးကိုယ်ပိုင်နာမည်တည်ရှိသည်။ထိုနာမည်သည် သုံးချက်အဖွဲ့ဖြစ်လေသည်။

စျေးထဲ၏တစ်နေရာတွင် သုံးချက်အဖွဲ့သည်ပြည်သူပုံစံဖြင့်ရုပ်ဖျက်၍လိုက်လေ့လာနေသည်။ ထိုအထဲမှာမှ အမျိုးသမီးသည်

"ပုဂံထက်တောင်စည်ကားသေးတယ်"

"ဟုတ်တယ် ဒါ့အပြင်သူကြွယ်တွေကလည်းပေါများချက်"

"အေးဟေ့ငါတို့ထောပြီ"

အမျိုးသမီးနှင့်ရုပ်ဆိုးသူလူထွားကြီးသည်ကြိတ်၍ပြုံးပျော်ကာစကားပြောနေကြပြီးလူငယ်ကတော့တည်တင်းသည့်မျက်နှာထားနဲ့ဖြစ်သည်။သူတို့၏စကားဝိုင်းကိုစိတ်ဝင်စားခြင်းမရှိပေ။

"ဟေ့ ဇောင်းရှား"

မိန်းမသည် ထိုလူငယ်၏ပခုံးကိုဖက်ပြီးလူငယ်၏အမည်ကိုခေါ်တော့ထိုလူငယ်၏မျက်ခုံးတွေသည်အလိုမကျစွာစုကြုံံ့၍သူ၏ပခုံးပေါ်တင်ထားသည့် အမျိုးသမီး၏လက်ကိုဖယ်ချလိုက်သည်။

အရှင် Onde histórias criam vida. Descubra agora