"မယ်တော်"
သားတော်နှစ်ပါး၏ပြိုင်တူထွက်သံကြောင့် ဥတုယောမီပြုံးမိ၏။ သူမ၏ဖခင်ကတော့ သူမကိုနားမလည်နိုင်စွာကြည့်နေ၏။
"မကြာခင် အမိန့်ကျလာတော့မှာ ဒါ့ကြောင့်မနက်ဖြန်မယ်တော်နန်းတော်ကနေထွက်ခွာရမယ်"
"မယ်တော် ဘာလို့နန်းတော်ကထွက်မှာလဲ၊ကျွန်ုပ်ရအောင် အဲ့အပြစ်ကိုချေပေးမယ် မယ်တော်ကနန်းတော်မှာပဲနေရမယ်"
အံကိုကြိတ်၍ ပြောသည့် ညောင်ပြင်မင်း ဥတုယောမီမှာပြုံး၍ ကြည့်ကာ သူမ၏သားတော်၏မျက်နှာကိုခပ်ဖွဖွလေးအုပ်ကိုင်လိုက်၏။
"မယ်တော့်ရဲ့ အပြစ်ကိုခံယူတာမို့၊ခံယူခွင့်ပေးပါ"
"မယ်တော်!!"
အငယ်ဆုံးလေးတောင်ပြင်မင်းကတော့စတင်၍ငိုတော့၏။ သူသည် သူ၏မိခင်ကိုနန်းပြင်သို့မလွှတ်ချင်ပါ။ တရှုံ့ရှုံ့နဲ့သာငိုနေပြီး ညောင်ပြင်မင်းကတော့လက်မခံနိုင်မှုနဲ့ဒေါသတရားတို့ကြောင့် အံကိုကြိတ်၍သူ၏မျက်နှာမှာတင်းမာခက်ထန်နေ၏။ ကွဲပြားလွန်းတဲ့အမူအယာဖြင့်သူမ၏မျက်စိရှေ့တွင်ရှိနေတဲ့သားနှစ်ယောက်စလုံးကို ဥတုယောမီသည်တလှည့်စီကြည့်၍သားတော်နှစ်ပါးစလုံး၏ခေါင်းကိုပွတ်သပ်၍ သူမ၏အနားသို့တိုးစေကာ နှစ်ယောက်စလုံးကိုဖက်လိုက်၏။
"မယ်တော် အပြစ်တွေကိုခံစားရင်းဒီနေရာမှာတသက်လုံးမရှင်သန်သွားချင်ဘူး၊ပူလောင်တဲ့ဒဏ်ကိုမယ်တော်ဆက်မခံနိုင်တော့ဘူး သားတော်တို့ရယ်"
ထိုစကားကြောင့် ညောင်ပြင်မင်း၏တင်းမာနေသည့်မျက်နှာထားသည် ပျော့ပြောင်းသွားသလို၊တောင်ပြင်မင်းမှာမိခင်၏ရင်ခွင်ထဲပိုလို့တိုးဝင်၍ ငိုနေခဲ့သည်။ ဥတုယောမီကိုယ်တိုင်လည်း သားတော်နှစ်ပါးစလုံးကိုဖက်ထားရင်းမျက်ရည်ကျနေမိသည်။
မိခင်၏နန်းဆောင်ကနေညီအကိုနှစ်ယောက်စလုံးအတူတူပြန်လာ၏။ အဘိုးကတော့မိခင်နဲ့စကားပြောဖို့ကျန်ရစ်ခဲ့သည်။
နှစ်ယောက်သားလမ်းအတူတူလျှောက်၍ပြန်လာတုန်း အငိုမရပ်နိုင်ခဲ့သည်မှာတောင်ပြင်မင်းပေ။ကလေးအရွယ်လေးလည်းဖြစ်တဲ့အပြင် စိတ်နုတဲ့ကောင်လေးမို့ မိခင်နဲ့ဝေးရမယ်ဆိုသည့် အသိသည်သူ့ကိုပို၍အားငယ်စေကာ ဝမ်းနည်းမှုကိုပိုတိုးစေ၏။
VOUS LISEZ
အရှင်