မိုးခေါ်ပွဲကျင်းပတော့မည်ဖြစ်တော့ အရည်းကြီးများက အသီးသီးရောက်လို့နေပြီ။အမတ်များကလည်းသူ့နေရာနဲ့သူထိုင်နေကြပြီး ကိုယ်ရံတော်တပ်တွေကလည်း ပွဲပတ်ပတ်လည်ကိုကာကွယ်စောင့်ရှောက်နေကြသည်။ ဇောင်းရှားကတော့ ဒုခေါင်းဆောင်ဖြစ်တော့ တပ်ဖွဲ့ကိုစောင့်ကြပ်ဖို့အတွက် ဟိုသွားသည်သွားလုပ်နေရသည်။ ထိုသို့လုပ်တိုင်းဘုရင်၏ပုလ္လင်ဘေးတွင်ရှိသည့်အိမ်ရှေ့စံဆီသို့မသိမသာလှမ်းလှမ်းကြည့်မိသည်။ထိုအခါအိမ်ရှေ့စံ၏ကိုယ်ရံတော်အစားအသက်ကြီးကြီးလူတယောက်နှင့်ကိုယ်ရံတော်တပ်ခေါင်းဆောင်သုန္နဒကိုသာတွေ့နေရသည်။ ခေါင်းဆောင်သည်အလုပ်တခုထမ်းရွက်စရာရှိတယ်ဆိုပြီး သူ၏လူယုံတယောက်ကိုသည်ကနေ့ပွဲအတွက်တာဝန်ပေးအပ်ခဲ့သည်ဟုသိရသည်။ဘာတာဝန်မှန်း ဇောင်းရှားမသိပေမဲ့အခုမှပဲသိတော့သည်။အိမ်ရှေ့စံကိုယ်ရံတော်အဖြစ်ထမ်းဆောင်နေသလား။ဒါဖြင့်သတ်ရမည့်ကိုယ်ရံတော်ကသူလား၊ဟိုတယောက်လား ဇောင်းရှားစိတ်တွေရှုပ်ထွေးလာတော့သည်။ဟိုတယောက်ကိုတော့သတ်နိုင်ပေမဲ့ ခေါင်းဆောင်ကိုတော့မသတ််နိုင်ပေ။ကျေးဇူးရှိပြီးနေလာတာကြာတော့မာဟိတို့လိုသံယောဇဉ်မျိုးရှိနေလေသည်။ ထို့ကြောင့်စိတ်တွေရှုပ်ထွေးလာပြီးဘာလုပ်လို့လုပ်ရမလဲမသိတော့ပေ။
ဘေးချင်းကပ်၍ထိုင်နေရသည့်ဥတုယောမီနဲ့ညောင်ပြင်မင်းသည် သူတို့ထက်တဆင့်မြင့်သည့်နေရာတွင်ထိုင်နေရသည့်အတ္တပေမကိုလှမ်းလှမ်းကြည့်မိသည်။ထိုအခါ အတ္တပေမနံဘေးတွင်အမောင်ရှားမတွေ့သည်ကြောင့်ပူပန်လာတော့သည်။ထိုအခါဥတုယောမီကယပ်တောင်ဖြင့်မျက်နှာကိုကွယ်ကာသားနားသို့တိုးကပ်၍မေးတော့သည်။
"အမောင်ရှားကိုမတွေ့ပါလား"
"ဟုတ်တယ်မယ်တော်.."
"အတ္တပေမငါတို့အကြံကိုသိသွားလို့တခုခုကြံစည်ထားတာများလား"
"မဖြစ်နိုင်လောက်ဘူးထင်တယ် ကျွန်ုပ်တို့လုပ်တာသိပ်ကိုပိရိတယ်လေ"
"ဒါဆို အမောင်ရှားကဘယ်မလဲ အမြဲအတ္တပေမရဲ့ဘေးမှာရှိနေတဲ့လးကအခုဘယ်ကိုရောက်နေမှာလဲ"
CITEȘTI
အရှင်