မနက်ခင်းလို့ နေမထွက်မှီအချိန်ကာလရောက်သည့်အခါ အမောင်ရှားသည်ခရီးထွက်ဖို့ရာစီစဉ်ရသည်။ ထိုအခါအရှင့်ဆီနှုတ်ဆက်ဂါရဝအရင်ပြုဖို့သွားရလေသည်။သို့ပေမဲ့သူသွားချိန်အရှင်ဟာမနိုးသေးမှန်းသိသည်ကြောင့် တံခါးအပြင်ဘက်ကနေနှုတ်ဆက်ဂါရဝပြုကာ အရှင်ပေးအပ်သည့်တာဝန်ကိုပြုလုပ်ဖို့ထွက်ခွာသွားခဲ့သည်။
အမောင်ရှားထွက်သွားပြီးနောက်အမောင်ရှား၏နေရာကိုသုန္နဒကဝင်ကာ အရှင့်ကိုကာကွယ်စောင့်ရှောက်ရသည်။တပ်ချုပ်ကကိစ္စတွေကို ဘေးမှာအတူတူနေသည့်ဝဲဘက်တပ်မှူးကိုတာဝန်ပေးခဲ့ပြီး အရှင့်ဆီသို့လာရောက်တာဝန်ထမ်းဆောင်ရလေသည်။ထိုအချင်းအရာကိုအရှင်ကမသိသေးသော်လည်း ဦးညောင်သိပြီဲပြီးဖြစ်သည်ကြောင့်အရှင့်ထံပါးလျှောက်တင်ဖို့ရာပဲလိုအပ်တော့သည်။
မနက်ခင်းနေပွင့်သည်နဲ့အရှင်သည် ရေသန့်စင်ပြီး မနက်ခင်းစာပါစားသောက်ပြီလေသည်။နိုးနိုးချင်းဦးညောင်၏လျှောက်တင်မှုကြောင့် မိမိကိုသုန္နဒလာရောက်စောင့်ရှောက်နေမှန်းသိလိုက်ရသည်။မနက်ခင်းစာကိုစားပြီးသည့်နောက်မှာ
"ဦးညောင်.."
"ဟုတ်ကဲ့ပါအရှင်"
"အမောင်ရှား သွားပြီမလား"
"ဟုတ်ကဲ့ မနက်ခင်းနေရောင်ပင်မကျရောက်ခင်ကတည်းကထွက်ခွာသွားတာပါ၊အရှင့်ကိုလာရောက်နှုတ်ဆက်ပါသေးတယ်၊အရှင်အိပ်ပျော်နေသည်ကြောင့်တံခါးအပြင်ဘက်ကနေပဲဂါရဝပြုသွားပါတယ်"
"ကောင်းပြီ အခုမေယကို နန်းဆောင်အနောက်ဘက်ကကွင်းဆီခေါ်လာခဲ့..နောက်ပြီးနန်းဆောင်မှာအလုပ်လုပ်သည့်လူတွေကိုကောထိုကွင်းမှာစုစည်းထား"
"အရှင်..ဘာအကြောင်းကိစ္စများပေါ်လို့ပါလဲ"
"ကိုယ်တော်ပြောတဲ့အတိုင်းလုပ်"
"ကျွန်တော်မျိုးနားလည်ပါပြီ"
ဦးညောင်သည် အရှင့်၏အမိန့်စေရာအတိုင်း အတိအကျကိုလုပ်ဆောင်ပေးသည်။အရှင်ကတော့ အနောက်ကနေသုန္နဒနဲ့လိုက်လာခဲ့သည်။
ကျွန်များသည် ထိုကွင်းဆီသို့ရောက်သည့်အခါမှာနားမလည်နိုင်စွာဖြစ်နေကြသည်။ဘာကြောင့်သူတို့ကိုဒီမှာစုဝေးခိုင်းသည်ကိုနားမလည်ဖြစ်နေသည်။အားလုံးဘာကိုမှမသိဖြစ်နေကြပေမဲ့ မေယကတော့သိနေသလိုပင်။တုန်လှုပ်ခြောက်ခြားနေသည်။ ကွင်းမှာရှိသည့်ကျွန်တွေသည် စကားသံတွေဖြင့်ဆူညံနေခိုက်အရှင်ဟာထိုကွင်းဆီသို့ရောက်လာချိန်အကုန်လုံးကတိတ်ဆိတ်ငြိမ်သက်ကုန်ကာ အပ်ကျသံတောင်မကြားရတော့ပေ။ကျွန်များအားလုံးသည် ဒူးထောက်ထိုင်ချကာ အရှင်အိမ်ရှေ့စံကိုအရိုအသေပေးကြလေသည်။
CZYTASZ
အရှင်