အခန်း၁၂

168 4 0
                                    

ညောင်ပြင်မင်းသည်မယ်တော်၏စကားကြောင့်သူ့ဆီအတ္တပေမရောက်လာ၍ ပြဿနာတွေဖြစ်မည်ကိုစိုးရိမ်သည်။ထိုသို့ပြဿနာပြန်ဖြစ်လျှင် ဒီတစ်ခါအရှင်မင်းမြတ်ကပညာသင်တော့လွှတ်မည်မဟုတ်တော့ပေ။တစ်ခါတည်းနယ်နှင်ဒဏ်အပေးခံရလိမ့်မည်။ အရှင်မင်းမြတ်ကအတ္တပေမကိုသူတို့ထက်စာရင်အများကြီးချစ်မြတ်နိုးတော့ ဒီအကြောင်းကိုသာသိရင်ပြဿနာပိုကြီးထွားနိုင်သည်။ထို့ကြောင့်ညောင်ပြင်မင်း အတ္တပေမ၏နန်းဆောင်ဆီသို့ အမြန်လေးသွားရောက်၍ ပွဲနေ့ကကိစ္စနဲ့ပတ်သက်ကာစကားပြောဖို့စဉ်းစားလေသည်။

အတ္တပေမ၏နန်းဆောင်ဘက်သို့သွားနေတုန်းလမ်းတစ်ဝက်တွင် ညီတော်တောင်ပြင်မင်းကိုအမောင်ရှားဖြင့်လှမ်းတွေ့လိုက်ရသည်။ဆေးပန်းချီခြယ်သည့်ပစ္စည်းတွေကိုကိုင်ထားသည့်အမောင်ရှားသည် ညီတော်၏စကားကိုဂရုတစိုက်နားထောင်ကာအနောက်ကနေလိုက်ပါနေပုံကိုတွေ့ရသည်။ညောင်ပြင်မင်း သည်မိမိကိုမတွေ့သည်ထိုနှစ်ယောက်ကိုခဏတာလောက်ရပ်ကြည့်နေပြီး ပြီးတော့ခါမှထွက်လာလေသည်။

အတ္တပေမ၏နန်းဆောင်သို့ရောက်တော့ ညောင်ပြင်မင်းမှာဝင်ဖို့ကိုမစွမ်းသာဖြစ်နေသည်။ ထည်ဝါပြီးကြီးမားလှသည့်နန်းဆောင်ကိုသာကြည့်ရင်းသက်ပြင်းတချချလုပ်နေတော့ ဘေးကအထိန်းတော်နှင့်ကိုယ်ရဲတော်ကတောင်အချင်းချင်းပြန်ကြည့်ပြီးနားနလည်ဟန်ပြုကြလေသည်။

အတ္တပေမတစ်ယောက် မိမိ၏သလွန်ပေါ်တွင်ထိုင်ကာပေလိပ်အချို့ကိုဖတ်ရှုရင်း လက်ထဲတွင်ဆေးမှုတ်တံဖြင့်အငွေ့များကိုမှုတ်ထုတ်နေသည်။ ရှည်လျားလှသည့်ဆံပင်များကိုထုံးထား၍ ဆံထိုးထိုးထားလေသည်။အနက်ရောင်ဆေးများဖြင့်သုတ်လိမ်းထားသည့်သူ၏မျက်ဝန်းကတော့ အမြဲတစေမဲနက်နေလျက်။ ပေလိပ်ထဲကစာတွေဆီအာရုံရောက်နေခိုက် တံခါးခေါက်သံနှင့်အတူအပြင်ကဝပ်တွားသံ

"အရှင်၊မင်းသားကြီးညောင်ပြင်မင်းကတွေ့ခွင့်တောင်းနေပါတယ်အရှင်"

ထိုသို့အပြောကြောင့် အတ္တပေမ၏ပေလိပ်ပေါ်ကနေအကြည့်တွေသည်တံခါးဆီ ခဏတာလောက်ရောက်သွားပြီး ပေလိပ်ဆီပြန်ရောက်လာသည်။

အရှင် Tahanan ng mga kuwento. Tumuklas ngayon