အသုဘပြီးလို့ ရက်ကာလအတန်ကြာသော် နန်းတွင်းထဲတွင် ဆူညံမှုများဖြစ်လာလို့ပင်။ ဘုရင်နေရာသည် တခဏမျှတောင်လစ်လပ်မှုရှိလို့မဖြစ်ပေ။ ထို့ကြောင့်အမတ်တွေသည် အိမ်ရှေ့စံကိုနန်းတင်ဖို့ပြင်ဆင်နေကြသည်။
အမတ်တွေ၏စုပေါင်းညီလာခံတွင် အမတ်အကုန်တော့မပါပေ။မိဖုရားခေါင်ကြီး၏လက်အောက်ခံအမတ်တွေသာသီးသန့် တွေ့ဆုံခြင်းဖြစ်ပြီး လက်အောက်ခံအမတ်တွေကလည်းရာထူးအင်အားကြီးမားသူတွေချည်းပင်။
အကုန်လုံးကအတ္တပေမကိုနန်းမတင်ရဲပေ။အတ္တပေမကိုနန်းတင်လိုက်လျှင်အရင်ကအင်အားရှိခဲ့သည့်အာဏာတွေသည်အကုန်လုံးပျက်သုန်းကုန်ကာ အခက်မသင့်လျှင် ကွက်မျက်ခံရနိုင်သည်။ရာဇဇောတိဘုရင်လက်ထက်က ဘုရင်သည်မိဖုရားကြီး၏ လွှမ်းမိုးမှုကြောင့်သူတို့၏လုပ်ဆောင်ချက်တွေကိုမထိခိုက်နိုင်ပေမဲ့ မိဖုရားခေါင်တောင်ရင်ဆိုင်ဖို့ရာခက်ခဲသည့် လူတယောက်ကိုဘုရင်အဖြစ်တင်မြှောက်လိုက်လျှင်သူတို့၏ လည်ပင်းတွေသည်စိတ်ချရတော့မည်မဟုတ်ပေ။သူတို့အကြောင်းသူတို့ကိုယ်တိုင်သာသိသည်။
"ကျွန်ုပ်တို့ဘယ်လိုလုပ်သင့်လဲအမတ်ကြီး၊ရာဇပုလ္လင်မှာစိုးစံတဲ့မင်းကကြာကြာလစ်ဟင်းနေလို့မဖြစ်ဘူး၊ဒါ့ကြောင့်အိမ်ရှေ့စံက ဘုရင်ဖြစ်လာဖို့အချိန်ကရောက်နေပြီ"
"အိမ်ရှေ့စံဘုရင်ဖြစ်လာရင် ကျုပ်တို့နွားစားခွက်ဘဝရောက်မှာ၊အိမ်ရှေ့စံ ဘုရင်ဖြစ်လို့မရဘူး"
"ဟုတ်တယ်၊အိမ်ရှေ့စံဘဝမှာတောင် သူ၏လုပ်ပိုင်ခွင့်ကြောင့်ကျွန်ုပ်တို့ဘဝအမှောင်ဖုံးမှာကိုစိုးခဲ့တာ၊အခုလိုဘုရင်အဖြစ်နန်းတက်သွားလျှင် ကျွန်ုပ်ဘဝကတော့မတွေးဝံ့စရာပါ၊အာဏာတွေအကုန်သူ့လက်ထဲရောက်ကုန်မှာ"
"ဒါပေမဲ့ကျွန်ုပ်တို့ကတိုင်းပြည်ရဲ့အရေးကြီးတဲ့အမတ်တွေလေ၊အိမ်ရှေ့စံထိမှာမဟုတ်ဘူး"
"အသင်ကအဲ့လိုထင်လို့လား၊အိမ်ရှေ့စံကအဲ့ဒါတွေဂရုစိုက်တာမဟုတ်ဘူး၊ကျွန်ုပ်တို့လုပ်ခဲ့တာတွေကိုသိရင် ဘယ်လောက်ပဲအရာဝင်တဲ့အမတ်ဖြစ်နေပါစေ၊တမိသားစုလုံး သူ့လက်ထဲမှာသွေးမြေကျရမှာ"
YOU ARE READING
အရှင်