ဂ္ဂဟိ ထိုနေ့၊သူဆုံးဖြတ်ချက်ချပြီးကတည်းက နန်းတော်ထဲဝင်နိုင်မည့်အစီအစဉ်ကိုရှာ၏။ မာဟိကတော့အကိုဖြစ်သူကို လစ်လျှုရှုထား၍ သူရိယောကနေထွက်ခွာနိုင်ဖို့ကိုသာကြိုးစားနေ၏။
ဂ္ဂဟိ နန်းတော်ထဲသို့ဝင်နိုင်မည့်အစီအစဉ်ကိုရှာဖွေနေခိုက်မှာ သူ့အတွက်အသုံးဝင်သည့်အရာတခုကိုရှာတွေ့ခဲ့၏။ အမည်မသိသူတယောက်ကစေခိုင်းသည့်ပုန်ကန်သူအဖွဲ့နဲ့သူချိတ်မိ၍ သူသည်ထိုအဖွဲ့ဝင်ဖြစ်လာ၏။ ထိုအဖွဲ့သည်များစွာသောလူတွေဖြင့်ဖွဲ့စည်းထား ၏ အိမ်ရှေ့စံသည်တိုင်းပြည်၏ဘုရင်ဖြစ်လာမှာကို မနှစ်မြို့သူတွေသာဖြစ်၏။
သူတို့သည် အိမ်ရှေ့စံ၏အခြေအနေကိုစောင့်ကြည့်နေကြသူတွေဖြစ်ပြီး အိမ်ရှေ့စံနန်းတက်တာနဲ့ နန်းတော်သို့ဖျက်စီးဝင်ရောက်ပြီး ပုန်ကန်ရေးလုပ်ဖို့စီစဉ်ထားကြ၏။
အသက်နဲ့တောင်ယှဉ်ပြီးသူတို့သည်ပုန်ကန်ရေးလုပ်ကြခြင်းဖြစ်၏။ဂ္ဂဟိထိုအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် အိမ်ရှေ့စံကိုသတ်ပစ်မယ်ဆိုတဲ့အကြံအစည်တွေကိုနေ့တိုင်းကြားရ၏။ တခြားသူတွေ၏ပစ်မှတ်ကအိမ်ရှေ့စံဆိုသော်လည်း ဂ္ဂဟိ၏ပစ်မှတ်ကအိမ်ရှေ့စံမဟုတ််ပေ။ မင်းသားကြီး ညောင်ပြင်မင်း ပေဖြစ်၏။ သူသည်သေချာပေါက်ညောင်ပြင်မင်းကိုသတ်ပစ်မှာဖြစ်သည်။ဇောင်းရှားအတွက်..
မင်းသားငယ် တောင်ပြင်မင်းတယောက် မိခင်၏ခေါ်ဆိုမှုကြောင့် မိခင်၏နန်းဆောင်သို့လျှောက်လာ၏။ နန်းဆောင်ဆီကိုရောက်တော့ သူသည်နန်းဆောင်၏တံခါးကိုခေါက်ကာ အထဲသို့ဝင်သွား၏။ အထဲသို့ရောက်သည့်အခါ သူ၏မျက်ဝန်းတွေသည်ကျယ်ပြန့်သွား၏။ သလွန်ပေါ်တွင် ထိုင်နေသည့်မိခင်သည် နန်းဝတ်နန်းစားနဲ့မဟုတ်ပဲ သာမာန်အမျိုးသမီးတယောက်လိုဝတ်ဆင်ထား၏။
သူမ၏မျက်နှာမှာလည်း တောင်ပြင်မင်းကိုတွေ့သည့်အခါနူးညံ့သည့်အပြုံးလေးထင်ပေါ်လာ၏။
"သားတော်၊မယ်တော်စောင့်နေတာ"
"မယ်တော် အဘယ်ကြောင့် အခုလိုဝတ်ထားရတာလဲ"
သူသည်မိခင်အနားသို့လျှောက်သွားရင်းပြော၏။ ထိုအခါ သူ၏မိခင်မှာပြုံး၍သူမ၏ဘေးတွင်ထိုင်ဖို့ရာ နေရာပုတ်ပြ၏။
YOU ARE READING
အရှင်