အခန်း၃၁

158 1 0
                                    

မိဖုရားခေါင်ကြီး၏နန်းဆောင်သည် ဘုရင်ကြီး ကံတော်ကုန်ပြီးနောက်တိတ်ဆိတ်သွား၏။ ဘုရင်ကြီး ရှိစဉ်က အမြဲတမ်းမိဖုရားခေါင်ကြီး၏နန်းဆောင်မှာအချိန်ဖြုန်းလေ့ရှိပြီး မိဖုရားခေါင်ကြီးနဲ့ ရယ်မောသံတွေသည်ပြန့်နှံ့ခဲ့သည်။ သို့ပေမဲ့အခုတော့အရာအားလုံးကဆိတ်ငြိမ်သွား၏။

နန်းဆောင်ပိုင်ရှင် မိဖုရားခေါင်ကြီးတောင်နန်းဆောင်ထဲကနေအပြင်တောင်မထွက်ပဲ သူမ၏နန်းဆောင်ထဲမှာသာတိတ်ဆိတ်နေ၏။ အရင်ဆိုသေချာပြုပြင်ပြီးဖြီးသင်ထား၍ဆံထိုးဖြင့်သေချာထုံးချည်ထားသည့်ဆံနွယ်မှာအခုဆိုဖြာ၍ကျနေပြီး ကြမ်းပြင်၌ပုံနေ၏။ မျက်နှာတွင်လိမ်းခြယ်လေ့ရှိသည့်မျက်နှာချေတို့မှာအခုဆိုကင်းရှင်း၍ သူမ၏သဘာဝမျက်နှာအတိုင်းသာ။

သူမသည် ဘုရင်ကြီးငယ်စဉ်အခါကပေးခဲ့ဖူးသည့် ဆံညှပ်ကလေးကိုကိုင်ထား၍ ဆံညှပ်ကိုအသက်မပါစွာနဲ့သာကြည့်နေ၏။ဆံညှပ်ကိုကြည့်၍ငိုရလွန်းလို့လည်း သူမ၏မျက်ဝန်းတွေကဖောင်းနေပြီး နီရဲနေလျက်ရှိ၏။

ငယ်စဉ်က တခြားသူတွေအပေါ်ခက်ထန်တတ်ပြီး သူမအပေါ်ဆိုနူးညံ့ခဲ့သည့်ဘုရင်ကြီးသည် သူမကိုသာချစ်မြတ်နိုးခဲ့တာသေချာ၏။ မတတ်နိုင်သည့်အ​ခြေအနေတွေမို့သူမကိုအိမ်ရှေ့စံဘဝက ကြင်ယာတော်မင်းသမီးရာထူးမပေးနိုင်ခဲ့ပေမဲ့ ထိုထက်မြင့်တဲ့ မိဖုရားခေါင်ကြီးရာထူးကိုပေး၍ သူမကိုအစွမ်းကုန်ချစ်မြတ်နိုးပေးခဲ့၏။ သူမတွင်လည်း ချစ်ရမည့်လူကဘုရင်ကြီးတ​ယောက်တည်းသာရှိခဲ့ပြီး ဘုရင်ကြီး၏ပထမဦးဆုံးမိဖုရားဖြစ်ခဲ့သူ ဥဿဝေါကိုလွန်စွာသူမမုန်းတီးခဲ့၏။

သို့ပေမဲ့ ဘုရင်ကြီးသည် ဥဿဝေါကိုမင်းမျိုးနွယ်ကိုဆက်ခံမည့်ကလေးမွေးဖို့အတွက်ပဲဖြစ်ခဲ့၏။ အစပိုင်းကထိုအရာကသူမအတွက်ကိစ္စရပ်ကြီးမဖြစ်ခဲ့ပေမဲ့ သူမကိုဒုတိယကြင်ယာတော်အဖြစ်ယူသည့်အခါ သူမသည် ဘုရင်ကြီး၏ ဆက်ခံသူကိုမွေးပေးချင်ခဲ့၏။သို့ပေမဲ့ သူမသည် သူမထက်ပို၍ရာထူးကြီး၍ကြင်ယာတော်မင်းသမီးဖြစ်သည့် ဥဿဝေါကိုကျော်ဖို့ရာမဖြစ်ခဲ့ပေ။

ဘယ်လောက်ပဲဘုရင်ကြီးက သူမကိုချစ်မြတ်နိုးခဲ့ပါစေ မင်းမျိုးနွယ်၏အစဉ်အလာတွေကိုမချိုးဖျက်ရဲခဲ့တဲ့ ဘုရင်ကြီးဟာသူမကိုအချစ်တွေသာပေးနိုင်ခဲ့ပေမဲ့ သူမလိုချင်ခဲ့တဲ့အင်အားတခုကိုမပေးနိုင်ခဲ့ပါ။

အရှင် Dove le storie prendono vita. Scoprilo ora