အခန်း၂၅

171 4 0
                                    

နောက်တနေ့မနက်တွင်မြို့တော်၌ ဘုရင်ကံတော်ကုန်သွားကြောင်းသတင်းသည်ပြန့်နှံ့သွားကာပြည်သူများကိုဝမ်းနည်းစိတ်တို့လွင့်ပျံစေသည်။ တမြို့လုံးတိတ်ဆိတ်ငြိမ်သက်ပြီး စျေးဆိုင်ကအစပိတ်၍ငြိမ်သက်နေကြရသည်။ စျေးတခုလုံးငြိမ်သက်နေပြီး၊လမ်းမတွေမှာလူသူကင်းပေမဲ့ လမ်းမထက်မှာတော့စစ်သည်တော်များကထွက်​ပြေးသွားသည့်လူတွေကိုလိုက်ရှာနေသည်ကြောင့် စစ်သည်များကတော့မြို့အနှံ့တွင်ဖြစ်သည်။

ဇောင်းရှားတို့သုံးယောက် မြို့ကနေထွက်ဖို့ခက်ခဲသွားခဲ့ရသည်။တမြို့လုံးတွင် စစ်သည်များကပြည့်နှက်နေပြီး မြို့ပြင်ထွက်သည့်နေရာမှာလည်းစစ်သည်တွေကတင်းကြပ်စွာစစ်ဆေးနေသည်။ထိုသည်ကြောင့် သုံးယောက်စလုံး သူရိယောမှာပိတ်မိနေသည်။ ထွက်လာတုန်းကသုံးယောက်စလုံးလက်ဗလာနဲ့ဖြစ်လို့ ဘာမှလည်းဝယ်မစားနိုင်ပေ။ထို့ကြောင့် သုံးယောက်စလုံး ဗိုက်တွေတဂွီဂွီမြည်နေသည်။

"ဘယ်လိုလဲ၊စားစရာပါလား"

အပြင်ထွက်၍စားစရာသွားရှာသည့်ဇောင်းရှားကို မာဟိမှာမျှော်လင့်ချက်မျက်လုံးများဖြင့်ပြောလိုက်သည်။သို့ပေမဲ့ ဇောင်းရှား၏မျက်နှာသည်ညှိုးငယ်ကာ ဖြေးညှင်းစွာခေါင်းခါပြသည်။နောက်တော့စကားဆက်သည်။

"မြို့တော်ရဲ့လမ်းတွေမှာစစ်သည်တွေချည်းပဲ..ခိုးဖို့မလွယ်ဘူး၊နောက်ပြီးဘုရင်ကံတော်ကုန်လို့ ဝမ်းနည်းသမှုပြုတဲ့အနေနဲ့ဘယ်ဆိုင်မှလည်းမထွက်ဘူး"

"ဟားးစိတ်ညစ်တယ်"

မာဟိသည်ညီးတွားပြီးကြမ်းပြင်သို့ပက်လက်လှန်ချလိုက်သည်။

"ကြာရင်အစာငတ်ပြီးသေတော့မှာပဲ.."

မာဟိ၏စကားကြောင့်ဇောင်းရှားမှာသက်ပြင်းချမိသည်။ နောက်တော့ ဂ္ဂဟိကိုရှာကြည့်တော့ ဂ္ဂဟိသည် တဲ၏အနောက်ဘက်မှာ ထိုင်၍မှိုင်နေတာကိုတွေ့လိုက်ရသည်။သူတို့ဒီတဲအစုတ်ကိုရှာတွေ့လို့ ဝင်ခိုသည့်အချိန်ကတည်းက ဂ္ဂဟိသည်ထိုသို့ပဲငြိမ်နေသည်။ဇောင်းရှားစ​ကားပြောဖို့လုပ်ရင် ဒေါသတကြီးတုံ့ပြန်တတ်သလို၊မာဟိစကားပြောရင်လည်းနားမထောင်ပဲသူ့ဘာသာသူမှိုင်နေသည်။  အရင်ကတစည်းတလုံးတည်းရှိသည့်သူတို့အဖွဲ့မှာအခုတော့စိတ်ဝမ်းကွဲနေသလိုပင်။

အရှင် Tempat cerita menjadi hidup. Temukan sekarang