အခန်း၃၆

160 3 1
                                    

အမတ်ကြီး ဝေါသြဘာ နန်းတွင်းသူတယောက်၏စကားကိုကြားပြီးနောက် ဘာကိုမှမတွေးနိုင်တော့ပဲ မြေးတော်၏နန်းဆောင်ဆီသို့ အလျှင်လေးသာပြေးလာလေ၏။

"မင်းသားကြီး.."

သူ၏နှုတ်ကနေစိုးရိမ်ပူပန်စွာနဲ့ မြေးဖြစ်သူ၏နာမည်ကိုရွတ်နေလေသည်။ မြေးတော်၏နန်းဆောင်တံခါးအဝကိုရောက်သည့်အခါ ရဲမက်အချို့ရပ်နေတာကိုတွေ့ရလေ၏။ သူဘာကိုမှမတွေးနိုင်တော့ပဲ ထိုရဲမက်တွေကိုတွန်းထုတ်၍နန်းဆောင်အဝသို့သူရောက်အောင်သွားလိုက်သည်။

နန်း​ဆောင်အဝသို့ရောက်သည့်အခါ သူ၏မျက်ဝန်းတွေဟာကျယ်ပြန့်သွား၏။ဘာကိုမှသူမမြင်နိုင်ပါ။ သူတခုတည်းသောမြင်သည်က ကြမ်းပြင်တွင်အသက်မဲ့နေသည့် မြေးတော်၏ခေါင်းကိုပေ။ မြေးတော်၏ခေါင်းနဲ့ကိုယ်ခန္ဓာသည်တနေရာစီဖြစ်နေ၏။

သူဘာကိုမှမတွေးနိုင်တော့ပဲအမြန်လေးပြေးသွားကာမြေးတော်၏​ခေါင်းကိုအမြန်​လေးယူ၍ သူ၏ရင်ခွင်ထဲထည့်ကာပွေ့ဖက်ထား၏။

"မဟုတ်ဘူး မဖြစ်ဘူး..မဖြစ်ဘူး.."

သူသည်တုန်တုန်ရီရီရဲ့ကယောင်ခြောက်ခြားစွာပြောတော့လေ၏။

သုန္နဒကတော့ အသက်မဲ့နေသည့် ဂ္ဂဟိ၏ကိုယ်ကိုပွေ့ဖက်ထားရင်းအမတ်ကြီးကိုငြိမ်သက်စွာငေးကြည့်နေလေသည်။

အမတ်ကြီးကတော့ သူ၏ရင်ဘတ်တခုလုံးကျေမွနေသလိုပေ ခံစားမိလေ၏။ သူ၏မြေးတော်၏ခေါင်းကိုခပ်တင်းတင်းဖက်ထား၍ သူသည်အိပ်မက်ကနေနိုးထတော့လို့သာသူ၏နှုတ်ကနေခပ်တိုးတိုးနဲ့ခပ်ဖွဖွသာရွတ်နေခဲ့သည်။

သို့ပေမဲ့ဒါဟာအိပ်မက်မဟုတ်ခဲ့ပေ။
သူ၏ချစ်လှစွာသောမြေးတော်သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။

ငယ်စဉ်ကသူ၏လက်ပေါ်တွင်ဆော့ကစားခဲ့သော ကလေး၊အိမ်မက်အလွန်ကြီးသည့်ကလေး၊ အနိုင်လိုချင်စိတ်ရှိတဲ့ကလေး၊သူတို့၏လောဘတွေသာမရှိခဲ့လျှင် ကောင်းမွန်စွာရှင်သန်နေမည့် ကလေး သူ၏ချစ်လှစွာမြေးတော်သည် ယခုသူ၏လက်ပေါ်တွင်အသက်မဲ့စွာတည်ငြိမ်နေလေ၏။

ဘာတွေများစိတ်မချသွားတာလဲမသိပေ။မျက်ဝန်းတွေသည်ပွင့်လျက်သာ။

အရှင် Where stories live. Discover now