အခန်း၁၀

195 6 2
                                    

နန်းတော်၏အနောက်ဘက်တွင် မင်းမျိုးမင်းနွယ်များ၏ပွဲတော်ကျင်းပရာနန်းဆောင်ရှိသည်။ထိုနန်းဆောင်သည် နန်းတော် မလှမ်းမကမ်းတွင်သီးသန့်တည်ရှိပြီး နန်းတော်ကနေလှမ်းကြည့်လျှင် ကြီးမားသည့်မြေညီ ရွှေရောင်နန်းဆောင်ကြီးကိုမြင်တွေ့ရနိုင်သည်။

ထိုနန်းဆောင်ကြီး၏ပတ်ပတ်လည်မှာတော့ပန်းပင်မျိုးစုံကိုစိုက်ထား၍ ရနံ့ပြင်းသည့်ပန်းတွေ၏အနံ့ကလည်းလေထဲတွင်ဝဲလည်လည်။ နန်းဆောင်တွင်ပွဲရှိနေတော့ ကျွန်များဟာလည်းထိုနန်းဆောင်အထဲမှာစုပြုံ၍ပွဲအတွက်ပြင်နေရသည်။ ညမှောင်ရင်စတော့မှာဖြစ်သည့်အတွက်ညမမှောင်ခင်ကတည်းကကျွန်များမှာပြင်ဆင်ရှာသည်။

ပွဲကိုပြင်ဆင်ပြီးချိန်မှာကိုက်ညီစွာဖြင့်ညအမှောင်ရီသန်းသွားသည်။ ညအမှောင်ရီသန်းသည်နှင့်မကြာပါဘူး။ဧည့်သည်တွေဟာထိုနန်းဆောင်သို့ရောက်ရှိလာကြသည်။ရောက်လာသည့်ဧည့်သည်တွေဟာလည်းငယ်ရွယ်သည့်လူလတ်များသာ။ ထိုလူလတ်များမှာအမတ်ကြီးများ၏ဆွေတော်မျိုးတော်သားသမီးများဖြစ်ကြ၍ ညောင်ပြင်မင်းဟာဖိတ်တော့သူတို့ကအပျော်တပါးလာကြသည်။ လူလင်ပျိုတွေအတွက်လုပ်သည့်ပွဲဖြစ်၍ ကချေသည်အလှလေးတွေ၊အပျော်မယ်မိန်းကလေးတွေနှင့်နန်းဆောင်တစ်ခုလုံးဆူညံနေသည်။ ဘုရင်ကြီးတို့မိဖုရားကြီးတို့ကလည်းသားဖြစ်သူ မိတ်ဆွေတွေနဲ့ပွဲဖြစ်တော့ထိုပွဲကိုမလာရောက်ကြပေ။

ပွဲထဲတွင်ဆူညံပွက်လောရိုက်နေပြီးလှပသည့်ကချေမယ်လေးများသည် သူတို့၏သွယ်လှသည့်ခါးလေးကိုကော့၊လက်လေးများကိုလှုပ်ရှား၍ ခန္ဓာကိုယ်လေးကိုပန်းလေးလေယူရာယိမ်းနေသလိုကခုန်နေသည်။ထိုအကမယ်တွေကိုကြည့်၍မျက်စိအစာကျွေးနေသည့် လူတွေကလည်းခုံပေါ်တွင်မိန့်မိန့်ကြီးထိုင်ကာစားဖွယ်များကိုစားသောက်ရင်း သဘောတကျ။ ညောင်ပြင်မင်းကလည်း လက်ထဲကထန်းရည်ခွက်ကိုမော့ရင်း ရစ်မူးနေသည့်အကြည့်တွေဖြင့် အကမယ်လေးတွေကိုလှမ်းကြည့်နေသည်။ သဘောတကျပြုံးရင်းနဲ့ပင်။

ထိုအချိန် ဆူညံပွက်လောရိုက်နေမှုကိုရပ်တန့်စေတာဟာနန်းဆောင်ထဲသို့ဝင်လာသည့်တစုံတစ်ယောက်ကြောင့်။ထိုလူသည်ပိတုန်းရောင် ဆံပင်တွေကိုဆံထုံးထုံးထားကာ ဆံထုံးထဲတွင်ရွှေရောင်ဆံထိုးကိုထိုးထားသည်။အညိုရောင် ခြေညှပ်ဖိနပ်တွေကိုဝတ်ဆင်ထားပြီးတကိုယ်လုံးကိုအနီရောင်ခြုံထည်ဖြင့်ဖုံးအုပ်ထားသည်။ အမဲရောင်ဆေးများကိုစိုးထားသည့်မျက်ဝန်းကြောင့်ထိုလူဟာမည်သူမှန်းတပ်အပ်သိနိုင်သည်။

အရှင် Tempat cerita menjadi hidup. Temukan sekarang