အခန်း၁၅

180 4 0
                                    

ဦးညောင်တစ်ယောက် အမောင်ရှားရှိရာသို့လျှောက်လာလိုက်သည်။ရောက်သည့်အခါအမောင်ရှားသည်ခုနကအတိုင်းမလှုပ်မယှက်ထိုင်နေသည်ကြောင့် ဦးညောင်သက်ပြင်းချရပြန်သည်။သေချာပေါက်ဒီကောင်​လေးဝမ်းနည်းနေမှာ။ဦးညောင်အနီးသို့လျှောက်သွားလိုက်ပြီး အနားတွင်ချထားသည့်ခုံတွင်ထိုင်လိုက်လေသည်။

"ဦးညောင် အရှင်ရော"

မျက်နှာငယ်လေးဖြင့်သူ့ဘက်လှည့်၍မေးလာသည့်ကောင်လေးကို ဦးညောင်မှာဘာပြောရမှန်းမသိ။အမဲလိုက်ထွက်သွားတယ်ဟုပြောလျှင်အခုချက်ချင်းကောက်ထပြီးလိုက်သွားမှာသေချာသည်။သူ့မှာအရှင့်ကိုစိတ်ဆိုးခြင်းအလျဉ်းမရှိ၊သူ့ကိုဘယ်လောက်ရိုက်ရိုက်အရှင့်အနီးတွင်နေရဖို့သာစိတ်အားထက်သန်သည်။

"မင်းကိုစိတ်တိုနေတယ်၊အရှင်ဆီသွားဖို့မတွေးနဲ့"

"ဟုတ်ကဲ့ပါ"

မျက်နှာညှိုးကျသွားကာဟိုဘက်လှည့်သွားတော့ဦးညောင်မှာသက်ပြင်းချမိသည်။နောက်တော့ထိုင်ရာကနေထလာပြီး အမောင်ရှားရှေ့မှာသွားထိုင်လိုက်သည်။

"မင်းနှယ်အဘယ်လိုဖြစ်သတုန်း"

"ကျွန်ုပ် စမ်းချောင်းဘေးမှာမျက်နှာသစ်နေတုန်း သတိလက်လွတ်မိသွားပါရဲ့ ကျားကအဲ့အချိန်မှာကျွန်ုပ်ကိုခုန်အုပ်တာ ကံကောင်းပေလို့ ကျွန်ုပ်အရှောင်မြန်လို့မဟုတ်ရင်သေမှာ"

"မသေတာပဲကံကောင်းတယ် မင်းသာသေရင်အရှင်ဘယ်လိုနေမလဲတွေးကြည့် အရှင်ကမင်းအပေါ်မျှော်မှန်းထားတာတွေကအကြီးကြီးပဲ ဒါ့ကြောင့်ကိုယ့်အသက်ကိုဂရုစိုက်"

"ဟုတ်ကဲ့ပါ"

အမောင်ရှားသည် တိတ်ဆိတ်ငြိမ်သက်သွားပြီးခေါင်းလေးငုံ့သွားသည်ကိုဦးညောင်ကြည့်နေမိသည်။ဒီကလေးက အသက်သာကြီးလာပြီး ခန္ဓာကိုယ်ကသာထွားတာ သူ့အရှင်နှင့်ပတ်သက်ရင်စိတ်ကနုနု၊ငယ်ငယ်ကတည်းအဲ့စိတ်ကအခုချိန်ထိ ပြောင်းလဲလို့ကိုမရနိုင်ပေ။

"ဦးညောင်"

"အေးပြော"

"ကျွန်ုပ်ကလေ အရှင့်အတွက်အရေးပါတယ်လို့ဦးညောင်ထင်လား"

အရှင် Opowieści tętniące życiem. Odkryj je teraz