အခန်း၉

191 3 2
                                    

ငွေရောင်လမင်းကြီးသည် ကောင်းကင်တွင်ထိန်ထိန်ညီးနေကာ မြေပြင်ပေါ်သို့အလင်းရောင်ကိုဖြန့်ကျက်ပေးနေသည်။ ညဉ့်ငှက်တို့သည်လည်းကောင်းကင်တွင်ပျံသန်းနေ၍ ငှက်အသံအချို့ကလည်းစူးစူးဝါးဝါးပင်။ ပရစ်ငယ်တို့သည်အသံမှာလည်းခြုံပုတ်တွေထဲကနေကိုထွက်လာကာ ရှာလို့ပင်မတွေ့ရချေ။

ဆေးမှုတ်တံ၏အငွေ့အချို့သည် ညကောင်းကင်တွင်ပျံဝဲနေကာ ဆေးမှုတ်တံကိုကိုင်ထားသည့်လက်တွေသည်သွယ်လျ၍ ဖြူဝင်းနေသည်။ ဆေးမှုတ်တံကိုတေ့ထား
သည့်နှုတ်ခမ်းတစ်စုံမှာလည်း ပါးလွှာနေသလို ဆေးငွေ့တွေဖြင့်ဖုံးနေသည့်မျက်နှာမှာယခုအချိန်တွင်ပကတိပူလောင်မှုကင်းနေသည်။ အမဲရောင်စိုးထားခြင်းမရှိသည့်မျက်လုံးတစ်စုံကလည်း မှေးကျဉ်းကာ မျက်လုံးအောက်ဘက်ကမှဲ့လေးကိုထင်ပေါ်နေသည်။ ရှည်လျားလွန်းသည့်ဆံပင်တွေကိုထုံးချည်ထားသည်မှာရိုးရှင်းစွာပင်မျက်နှာကိုဖော်ထားသလိုနှယ်။ ဆံပင်ထဲတွင်ထိုးထားသည့်ပတ္တမြား ဆံထိုးကတော့ထိုလူ၏အဆင့်အဆန်းကိုဖော်ပြနေဟန်။

ဆေးမှုတ်တံကိုကိုင်ထားသည့်လက်နှင့်အတူနောက်တစ်ဖက်မှာပေလိပ်ရွက်ကိုကိုင်ထားပြီးမျက်စံတွေကထိုပေလိပ်၏မျက်နှာပြင်ပေါ်တွင်။ ပေလိပ်ပေါ်သို့အာရုံရောက်နေသည့်အမျိုးသားကိုမှအာရုံရောက်နေသည့်အမျိုသားကတော့ဘေးတွင်။
မြတ်နိုးခြင်းအပြည့်ဖြင့်ငေးကြည့်နေတာဟာသိပ်ကိုချိုမြလွန်းသလား။

"အမောင်.."

"ဟုတ်ကဲ့ပါအရှင်.."

"မနက်ဖြန်..ညောင်ပြင်မင်းသူ့ပွဲကိုဖိတ်ထားတယ်.."

"ဟုတ်ကဲ့အရှင်"

"အဲ့ပွဲရောက်ရင်မင်းဂရုစိုက်..သူ့မှာအကြံတစ်ခုခုရှိနိုင်တယ်.."

"ဟုတ်ကဲ့ပါအရှင်..ကျွန်တော်မျိုးဂရုစိုက်ပါ့မယ်"

အရှင်ဟာ ငြိမ်သက်သွားပြန်သည်။ အရှင်ဟာထိုသို့်လူမျိုးပင်သူပြောစရာရှိတာပြောပြီးငြိမ်သက်သွားတာဟာအကျင့်တစ်ခု။

"အမောင်"

"ဗျာ့ အရှင်"

"ငါညောင်းတယ်..လှဲလျောင်းချင်တယ်..သလွန်ပေါ်ထိုင်လိုက်မင်းပေါင်ကိုငါခေါင်းခုဖို့အသုံးပြုမယ်"

အရှင် Tempat cerita menjadi hidup. Temukan sekarang