အခန်း၂၆

160 3 0
                                    

ဒေဝီရတု သူ၏နန်းဆောင်တွင်ထိုင်ကာပြတင်းပေါက်ကတဆင့် အပြင်ဘက်သို့ရှုမျှော်နေသည်။သူသည်မြို့တော်ကသတင်းကိုကြားလင့်ပြီးပြီဖြစ်သည်ကြောင့် အကိုဖြစ်သူအတွက်ဝမ်းနည်းနေခြင်းဖြစ်သည်။ ဘယ်လောက်ပဲမုန်းတီးနေပါစေ သွေးသားရင်းဆိုသည့်ဆက်နွယ်မှုကြောင့် သေတော့ဝမ်းနည်းရသည်။ထို့အပြင် သူ(မ)ကနန်းပြင်ရောက်နေရသည်ကြောင့် အကိုဖြစ်သူ၏ အသုဘကိုသွားခွင့်မရပေ။

နန်း​ဆောင်အပြင်ဘက်သို့ငေးမောကြည့်နေမိတုန်း အနီးကပ်နေရသည့်မောင်းမတော်သည်နန်းဆောင်အတွင်းသို့ဝင်လာသည်။

"မင်းသမီး.."

"ပြောစေ"

"အိမ်ရှေ့စံက..မင်းသမီးကိုတွေ့ဖို့.."

စကားပင်မဆုံးသေးကျယ်လောင်စွာပွင့်ဟာသွားသည့်တံခါးကြောင့် ဒေဝီရတု၏မျက်ဝန်းများသည်ကျယ်ပြန့်သွားသလို မောင်းမတော်မှာလည်းထိတ်လန့်သွားသည်။ ဒေဝီရတုသည်တံခါးကိုကြမ်းတမ်းစွာဖွင့်လိုက်သူကို ဒေါသတကြီးကြည့်၍

"အိမ်ရှေ့စံ အဘယ်ကြောင့်အပြုအမှုတွေကကြမ်းတမ်းနေရသလဲ"

သလွန်ပေါ်ကနေဆင်း၍ ဒေါသဖြင့်ပြောလိုက်သည်။အတ္တပေမကတော့ မိမိကိုထိုသို့ပြောသည့်အဒေါ်ကို ကြည့်မြဲအတိုင်းကြည့်နေသည်။အိမ်ရှေ့စံ၏ပုံံစံသည်ဖရိုဖရဲနဲ့မျက်နှာသည်အရင်လိုငြိမ်အေးမှုမရှိတာကို ဒေဝီမှာရိပ်မိတော့ မောင်းမတော်ကိုအပြင်ထွက်စောင့်ဖို့ပြောလိုက်သည်။ မောင်းမတော်ထွက်သွားပြီးတံခါးပိတ်သွားသည်မှ ဒေဝီသည်စကားစသည်။

"ဘာအကြောင်းကိစ္စများရှိလို့လဲ အိမ်ရှေ့စံ"

"မယ်တော်က နန်းတော်ကနေအဘယ်ကြောင့်ထွက်သွားရတာလဲ"

"အဲ့ဒါက အိမ်ရှေ့စံလည်းသိပြီးသားလေ ဥတုယောမီကြောင့်လို့"

"ဥတုယောမီကိုကိုယ်ဝန်ပြုတ်ကျအောင်လုပ်တာ မယ်တော်ဆိုတာကောသေချာလား.."

ထိုအမေးကြောင့် ဒေဝီရတု၏မျက်ဝန်းသည်အနည်းငယ်ကျယ်ပြန့်သွားသည်။ အံ့သြသွားသည့်အမှုအယာဖြစ်သွားပေမဲ့အမြန်လေးထိန်းလိုက်ကာ ​ပုံမှန်တိုင်းငြိမ်သက်စွာဖြင့်

အရှင် Onde histórias criam vida. Descubra agora