အခန်း၂၂

155 5 0
                                    

ရာသီမိုးရွာသင့်နေသည့်ကာလဖြစ်သော်လည်း သူရိယောပြည်သည် ​ပူလောင်ပြင်းရှ၍​မြေကြီးတွေကပါအက်ရှကုန်သည်။ အပေါ်ကအပူသည်မြေကြီးသို့တိုက်ရိုက်ရောက်ကာ ထိုရောက်သည့်အပူကလည်းအပေါ်သို့ပြန်တက်နေသည်ကြောင့် အပူအလွှာနှစ်ခုကြားနေထိုင်နေရသည့် ပြည်သူပြည်သားများသည် အရှင်လတ်လတ်ငရဲကိုရောက်နေသဖွယ်။သူတို့တွေအပြစ်လုပ်ထားသည်ကြောင့်အခုလို တွေဖြစ်နေရပါသည်ဟုဆို၍ နတ်မင်းများကိုတောင်းပန်သည်ကန်တော့ပွဲမှာလုပ်ကြပေမဲ့လည်း နေ၏အပူကတော့အရှိန်မလျော့ပဲဆက်ပူလောင်နေဆဲပင်။ထိုသည်ကြောင့် ပြည်သူတွေမှာစိတ်ဆင်းရဲကြရသည်။ထို့ကြောင့် တိုင်းပြည်၏အရှင်သခင်ကမိုးခေါ်ပွဲကိုပြည်သူတွေကိုယ်စားကျင်းပပေးဖို့လိုသည်။ မိုးခေါ်ပွဲကျင်းပမည်ဟုအသံကြားတော့ပြည်သူပြည်သားများမှာပျော်ရွင်ဝမ်းသားခြင်းများဖြစ်ပေါ်ကြသည်။မြင့်မြတ်သူတွေက လုပ်သည့်ပွဲဖြစ်သည်ကြောင့်သေချာပေါက်နတ်မင်းကြီးတွေက နားထောင်နေမည်ဟုယုံကြည်ကြသောကြောင့်ဖြစ်သည်။

မိုးခေါ်ပွဲရက်ကိုအတိအကျသတ်မှတ်ပြီးနောက် ထိုပွဲအတွက်ပြင်ဆင်ရသည်။ ထိုပွဲရက်မတိုင်မှီ နန်းတွင်းစားဖိုဆောင်သည်များစွာအလုပ်များသည်။အကြောင်းမှာ မိုးခေါ်ပွဲအတွက်အစားအသောက်ပြင်ဆင်ရသောကြောင့်ဖြစ်သည်။နန်းတွင်းစားဖိုဆောင်ကပွဲရက်တွေမဟုတ်သည့်တိုင်အောင်အလုပ်တွေတစေများနေရသည့်နေရာဖြစ်သည်ကြောင့်ထိုပွဲအတွက်အလုပ်များရသည်မှာစကားထဲတောင်ထည့်ပြောဖို့တောင်မလိုပေ။

"မာဟိ ကျွန်ုပ်ကိုဒီခြင်းလေးသယ်ပေးပါအုန်းကွယ်"

"အမိန့်အတိုင်းပါ အမိ"

"အို ဘယ်လိုတွေပြောနေတာတုန်း"

ရတိသည် မျက်မှောင်လေးကြုံ့၍​ပြောတော့မာဟိမှာသွားတွေပေါ်အောင်ဖြီးကနဲရယ်ပြသည်။ထိုသို့ရယ်ပြသူကို ရတိမှာနဖူးလေးကိုတွန်းထုတ်လိုက်တော့သည်။ နှစ်ယောက်သားဟင်းသီးဟင်းရွက်ခြင်းကိုအတူတူသယ်လာပြီး စကားတွေအများကြီးပြောကြသည်။နှစ်ယောက်စလုံးက ဟိုတလောကမျက်စိစပ်လို့ဆေးပေးပြီးကတည်းစတင်၍ရင်းနှီးလာကြပြီးငယ်ရင်းကြီးသဖွယ်ဖြစ်နေကြသည်။ ရတိဘက်ကတော့မိတ်ဆွေတွေလိုခံစားချက်ရှိပါပေမဲ့ မာဟိဘက်တော့ပိုနေခဲ့သည်။

အရှင် Tahanan ng mga kuwento. Tumuklas ngayon