' မကောင်းဆိုးဝါး၏ကျိန်စာကိုဖြတ်တောက်ပစ်လိုလျှင် သူ၏အစွဲကို တွေ့အောင်ရှာအံ့ '
ကမ္ဘာ့စည်ကြီးတီးလိမ့်မည်.....
မျက်နှာမဲကြီးငိုလိမ့်မည်.....
သေသောသူများရှင်လိမ့်မည်.....
ပုန်းသောသူများပေါ်လိမ့်မည်.....
မြောက်ပိုင်းအဝင်တွင် ဆယ်နှစ်အောက်ကလေးတစ်သိုက်က ကဗျာလေးကြောင်းကို ထပ်ခါတလဲလဲအော်ဆိုလိုက်ရင်း ထုပ်ဆီးထိုးပြေးလွှားနေကြ၏။
နွေရာသီရောက်လျှင်အရိပ်ကောင်းကောင်းရလိုက်မည့်ဖြစ်ချင်းဖြစ်သည့် ကုက္ကိုလ်တန်းနဲ့ မန်ကျည်းတောတို့က အဝင်လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာစိပ်စိပ် စီတန်း ပေါက်ရောက်နေလို့....
သျှားညိုရောင်ကတ္တီပါဖိနပ်တစ်ရံက သဲဖြူထဲမှာနစ်မြုပ်နေတဲ့ မန်ကျည်းခွံတစ်ခုကိုတက်နင်းမိတော့ ဖိနပ်အောက်ကနေဖောက်ဆိုတဲ့အသံတစ်သံလျှံထွက်လာသည်။
ခဲပန်းချီနဲ့စုတ်ချက်ဆွဲထားသလိုမျိုးပြီးပြည့်စုံလွန်းတဲ့ မီးခိုးရောင်မျက်ခုံးတန်းတန်းလေးတွေက အလိုမကျစွာ ကုပ်ကွေးသွားရ၏။
ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မိုးသားဖြူဖြူတို့ကပြေးလွှားနေပြီး နေရောင်ကခပ်ပြေပြေကျနေသည်။ စွန်ညိုနှစ်ကောင်က စပါးခင်းတွေရှိရာ နေရာတည့်တည့်မှာ ဝေ့ကာဝဲလို့....
လေငြိမ်ငြိမ်တစ်သွယ် လွင့်ကာလူးလေသော် ရင့်မှည့်နေတဲ့မန်ကျည်းတစ်တွဲက ဖွဲခနဲဖွဲခနဲ ပြိုပျက်လာကြသည်။
ကံမကောင်းရှာတဲ့ နတ်သက်ကြွေမန်းကျည်းခွံတွေဟာ မကြာခင်မှာပင် စိန်ပြေးလိုက်တမ်းကစားနေကြတဲ့ ကလေးတစ်စုရဲ့နင်းခြေခြင်းကို ခံနေရချေသည်မှာ မတည်မြဲသောတရားသဘောကိုဆောင်နေ၏။
သို့သော် ပင်ယံထက်မှာတော့ နွေရာသီလက်ကျန်ဖြစ်တဲ့ အခွံညိုညိုမန်းကျည်းခိုင်တို့က အတော်များများကျန်ရှိနေသေးတာမို့ အနည်းအကျဉ်းပမာဏလေးကို ဘယ်သူကများထည့်တွက်မှာပါလိမ့်...
YOU ARE READING
နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]
Siêu nhiênနိယာမတွေကိုချိုးဖျက်ပြီး ဆိုးယုတ်မှုတွေကိုကျော်လွန်၍... နက်ရှိုင်းတဲ့ချစ်မေတ္တာတွေနဲ့အတူ ငါ့ရဲ့စိတ်ဝိဉာဉ်ကိုစတေးကာလို့... ပိုင်းခြားထားတဲ့မင်းနဲ့ငါ့ကြားကနယ်နိမိတ်မျဉ်းကို မီးရှို့ပြာချပစ်လိုက်တယ် ဒါ့အတွက် ...ငါ့ပိုင်ဆိုင်တဲ့အရာအားလုံးကို မင်းအမည...