'သဲနန်းတော်လေး မပျက်သုဉ်းခင် ....'
ငါ့မျက်ဝန်းတွေရှေ့မှာ ကောင်းကင်ပြာက မျက်စိတညောင်း ရှည်လျားပြန့်ကားနေတယ်.....
မိုးကုတ်စက်ဝိုင်းကလည်းအဆုံးမရှိဘူး....
နေထွက်ချိန်ပြီးရင် နေဝင်ချိန်ရောက်လာမယ်
နေဝင်ပြီးရင်တော့ လစန္ဒာက ကမ္ဘာရဲ့ညကိုအဖော်ပြုပေးမှာ ဓမ္မတာပဲ....
လရောင်ကအေးမြတယ် ...နေရောင်ကပူပြင်းတယ် ...မင်းရဲ့အချစ်တွေကျ ငါ့ရဲ့ဘဝကို အပူအအေးမျှစေတယ်....
မတောင်းပဲပြည့်နေတဲ့ကောင်းချီးတွေကိုလက်ခံရရှိတဲ့အခါ လူသားတွေရဲ့စိတ်နှလုံးက မောက်မာဝင့်ကြွားနေခဲ့မိလိမ့်မယ် ...
ဒါမယ့် မမေ့နဲ့....မင်းတို့အနားမှာ မတည်မြဲခြင်းတရားတွေက အသံတိတ်ဝန်းရံနေတုန်းပဲဆိုတာ ....
မေလလယ်မှာ စတုတ္ထနှစ်ရဲ့ဒုတိယစာသင်နှစ်ဝက်စတင်ခဲ့တယ်....အတန်းတချို့ကတော့နားဆဲဖြစ်နေတုန်းပဲဆိုပေမယ့်ပေါ့ ...
၅လပိုင်းရဲ့စပ်ကြားရာသီဥတုကတော့ အပူအအေးမမျှမတနဲ့ ပါးလွှာတဲ့ အရေပြားတွေကိုဒုက္ခပေးနေတုန်းပဲ ...
ယောကျာ်းလေးတွေအများစုက အင်္ကျီကော်လံထောင်ကိုမဝတ်ဆင်ချင်တာမို့ အကုန်လုံးက အဖြူရောင်လည်ပင်းဝိုင်းတီရှပ်ကလေးတွေနဲ့ ... လုံချည်ကိုလည်း လေဝင်လေထွက်ကောင်းတဲ့ နက်ပြာရောင်ချည်ထည်လေးတွေပဲ ရွေးချယ်ဖြစ်ကြသည်
ဒုတိယစာသင်နှစ်ဝက်မှာ ကျောင်းသား၊ကျောင်းသူမရွေး တူညီစွာပြောင်းလဲသွားကြတာက ဖိနပ်အလှလေးတွေထုတ်စီးလာကြတာကနေ မိုးရာသီထုတ် ဒီဇိုင်းရင့်ရင့်ကြီးတွေက ရေတွေဗွက်တွေကြားထဲမှာ တပြောင်ပြောင်ဖြစ်နေကြတာပါပဲ ...
မကုန်သေးတဲ့ကဆုန်မိုးက တစ်ပြိုက်နှစ်ပြိုက်ရွာပြီးရင် မြေသင်းနံ့တွေသင်းပျံ့နေရမယ့်အစား အပူလောင်တဲ့အနံ့သိုးသိုးကသာ အိုက်စပ်စပ်လေထုထဲမှာ အအုံအကျင်းဖွဲ့နေခဲ့တာက ငြီးစီစီ....
၅လပိုင်းက ကျောင်းသားတွေအတန်းတက်အနည်းဆုံးလဆိုပေမယ့် အိမ်ကနေထွက်ပြေးချင်နေတဲ့ ကျောင်းသားအများစုကတော့ အဆောင်ကို ရောက်နှင့်နေပြီးသားပင်....
YOU ARE READING
နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]
Paranormalနိယာမတွေကိုချိုးဖျက်ပြီး ဆိုးယုတ်မှုတွေကိုကျော်လွန်၍... နက်ရှိုင်းတဲ့ချစ်မေတ္တာတွေနဲ့အတူ ငါ့ရဲ့စိတ်ဝိဉာဉ်ကိုစတေးကာလို့... ပိုင်းခြားထားတဲ့မင်းနဲ့ငါ့ကြားကနယ်နိမိတ်မျဉ်းကို မီးရှို့ပြာချပစ်လိုက်တယ် ဒါ့အတွက် ...ငါ့ပိုင်ဆိုင်တဲ့အရာအားလုံးကို မင်းအမည...