အခန်း(၇)

108 8 5
                                    

'ငယ်ရွယ်နုပျိုပြီးလှပမှုတွေမရှိတော့ရင်ကော မင်း မောင့်ကို ဆက်ချစ်ဦးမှာလား'

အလိုလောဘနည်းတဲ့ စုန်းကဝေလေးမှာ အပြင်းပြဆုံးသော ဆန္ဒတစ်ခုရှိခဲ့တယ် ....

သူလက်ဖဝါးထက်က စုန်းမီးတွေကို Cosmos ပန်းလေးတွေအဖြစ် ပြောင်းလဲပစ်ချင်ပါသတဲ့...

လူတစ်ရာကိုထိခိုက်နစ်နာစေနိုင်တဲ့ မသတီစရာအစွမ်းတွေထက် ...

ချစ်ရသူအလိုရှိတိုင်း ဖန်ဆင်းပေးနိုင်မယ့် လှပလွန်းတဲ့အစွမ်းမျိုးသာ သူရချင်တယ် ...

သူတကယ် ...တကယ်ကို ...ရူးရူးသွပ်သွပ်ရချင်ခဲ့ပါတယ် ....

"ဟေ့ရောင် မိုးဆွေတော်တော့ မင်းဒါနဲ့ဆို ပုလင်းတစ်ဝက်ကျိုးပြီနော် ...."

စိုးရိမ်သောကရောက်နေရှာတဲ့ လေသံနဲ့ မြတ်ကျော်ဟာ နွေမိုးဆွေလက်ထဲကအရက်ပုလင်းကို ဆွဲလုလိုက်တော့ အူရိုင်းအရက်သမားလေး ထသောင်းကျန်းလာသည်က သွေးခပ်ဆိုးဆိုး ...

"မရဘူး မကယ်တင်နိုင်တော့ဘူး ...."

ခေါင်းကိုက်နေပြီဖြစ်တဲ့ ဖခင်ကြီးသီဟမှူးမှာ ခေါင်းငိုက်စိုက်ကျနေတဲ့ သကောင့်သားကိုဂုတ်က‌နေဆွဲထိန်းထားရင်း ခေါင်းတခါခါ ...

အကုန်လုံးအာစွတ်ရုံမျှသာသောက်ရရုံရှိသေး အမူးသမားကိုပတ်ထိန်းနေရပြီ ...

အမူးသမားထဲမှာမှ အသဲကွဲအမူးသမားဆိုတော့ သိတဲ့အတိုင်းပဲ အခြေအနေကမဟန် ...

"ကယ်တင်နိုင်မယ့်လူကို ငါတို့သိနေတာပဲ ခေါ်လိုက်ကြမလား..."

ဝင်းသုတက မိုးဆွေဖုန်းကို password ဖွင့်ပြီးပြောလာတော့ သီဟမှူးက ဟင်းခနဲ သက်ပြင်းချ၏။

"ဟိုတစ်ယောက်ကမာနခပ်ကြီးကြီးလေ ခေါ်တိုင်းလာမယ်တဲ့လား ..."

မြတ်ကျော်က အာလေးလျှာလေးဖြစ်နေပြီဖြစ်တဲ့ နွေမိုး‌ဆွေကို တစ်ချက်ငဲ့ကြည့်ပြီး နောက် စီးကရက်ပြာကိုတစ်ချက်တောက်ကာဝင်းသုတကိုမေးဆတ်ပြလိုက်သည်။

"ခေါ်လိုက်ဟေ့ရောင်..."

တမြေ့မြေ့နဲ့ပေါ့ ဒါဟာကြေကွဲစရာ
ဘယ်လိုကြိုးစားမမေ့တော့ဘူး ~~~

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now