အခန်း (၄)

160 7 11
                                    

ဒီအပိုင်း Warning ပေးပါတယ်...

တခြားတော့မဟုတ်ဘူး သွေးသံတရဲရဲSceneတစ်ခုပါလို့ပါရှင် 😥

••••••••••••••••••••••••••••••••••••••••••••••••••

'မတရား‌သောသတ်ဖြတ်ခြင်းရဲ့နောက်ကွယ်မှာ အတုံ့အလှည့်ဆိုတာရှိသည်'

"သခင်လေးက ဘာတစ်ခုမှမမှတ်မိတော့ဘဲနဲ့ အတိတ်ကအပိုင်းအစတွေကိုဘယ်လို‌ခြေရာကောက်မှာပါလဲ ဒီဆုံးဖြတ်ချက်က ရူးနှမ်းတဲ့အစွဲအလန်းသက်သက်ချည်းပဲမဟုတ်ဘူးလား...."

DUYAတစ်လိပ်ကို ရှိုက်ဖွာနေတဲ့ နွေမိုးဆွေက ဦးညီမချင့်မရဲဆိုလာတဲ့ စကားအသွားအလာတို့နဲ့ပက်သတ်ပြီး မျက်လွှာတစ်ချက်တောင် ပင့်ကြည့်မလာ...

အင်း ....အစွဲအလမ်းဆိုတော့လည်းအစွဲအလမ်းပဲပေါ့ ....

ဘယ်လိုလူတွေကအစွဲအလန်းကြီးနိုင်ပါသလဲ

အချစ်ကြီးတဲ့လူတွေလား အမျက်ကြီးတဲ့လူ‌ တွေလား ...ကြီးကြီးတက်ချမ်းသာတဲ့လူတွေလား ...ဆင်းရဲသိမ်နုတ်တဲ့လူတွေလား

လူအမျိုးမျိုးစိတ်အထွေထွေ ရစ်ပတ်ရှုပ်ထွေးနေတဲ့ လောကဓမ္မတာအလယ်မှာ အစွဲအလမ်းတစ်ခုဖြစ်တည်လာဖို့ဆိုတာက လွယ်တော့မလွယ်ဘူးပဲ....

အစွဲတစ်ခုဖြစ်တည်လာဖို့ဘာတွေရင်းခဲ့ရမလဲ....

လွန်ခဲ့တဲ့၅နှစ်တုန်းက သူရောက်ခဲ့ဖူးတယ်ဆိုတာတောင် မမှတ်မိတော့တဲ့ ဝေးလံခေါင်သီတဲ့နေရာကို ရူးနှမ်းတဲ့အစွဲအလမ်းဖြစ်တဲ့အထိ နွေမိုးဆွေရေ ...မင်းဘာကို ရင်းခဲ့မိတာလဲ ...

တစ်လိပ်ကုန်သွားလျှင်နောက်တစ်လိပ်ဆက်သောက်မည် ။ နှစ်လိပ်မြောက်ရဲ့တစ်ဝက်ကျိုးမှာ ဆေးလိပ်သောက်ချင်စိတ်က သူ့အလိုလိုရပ်တန့်သွားမည်ဖြစ်၏။

လုံးဝအသားကျနေစွာပင်။

တစ်မိန့်တစ်သံကိုကျွမ်းကျွမ်းဝင်ဝင်နာခံနေသလိုမျိုး...

ဘယ်သူပေးတဲ့အမိန့်လဲ ...ဘယ်သူချမှတ်ခဲ့တဲ့စည်းမျဉ်းလဲ ဘယ်သူဖန်ဆင်းခဲ့တဲ့ပစ်ညှက်ချက်လဲ .....

ဘယ်သူမှန်းမသိတော့တာတောင်မှ ငါဟာ မင်းရဲ့အမိန့်တော်အတိုင်း ဆက်ရှင်သန်နေမိတုန်းပဲ ... ဦး‌ညီပြောတဲ့ ရူးနှမ်းတဲ့အစွဲအလမ်းဆိုတာ ဒဲ့မှန်ပါပေါ့လား ...

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now