အခန်း(၁၉)

112 5 11
                                    

'ချစ်ဒုက္ခသံသရာ'

ကုဋေကုဋာချီသောရုပ်နာမ်သတ္တိတို့ရဲ့ဖြစ်တည်မှု‌ပေါင်းတစ်ရာထဲမှာ ကိုးဆယ့်ကိုးယောက်သောလူကောင်းတွေနဲ့ တစ်ဦးတည်းသော လူဆိုးတို့သည် ကောင်းကင်ဘုံ‌အောက်၌ အတူတကွဒွန်တွဲတည်ရှိနေကြ၏...

အဖြာသောဖြစ်တည်မှုတို့ကို လက်သည်းခွံတွေပုပ်လာတဲ့အထိ တူးဆွသတ်မှတ်ရမည်ဆိုလျှင်ဖြင့် သူဟာ လူကောင်းတစ်ရာဖြစ်ဖို့ထက် လူဆိုးတစ်ယောက်ဖြစ်ဖို့သာ ဆက်ရွေးချယ်နေပေဦးမည်။

ဘာကြောင့်လို့မေးလာခဲ့ရင် ကောင်းကင်ဘုံထက် ငရဲဘုံက သူ့အတွက်ပိုကြီးမြတ်နိုင်ပေလို့ပင် .....

သူစိမ်းတစ်ယောက်အိမ်မှာနေခဲ့ရတဲ့နေ့ရက်တွေက နေ့ကမ္ဘာနဲ့ညကမ္ဘာကို စကြဝဋာထဲမှာ အဖန်ဖန်လှန်မှောက်ပစ်လိုက်တဲ့ဥတုတွေလိုပဲ အသားကျခြင်းတစ်မျိုးက အလိုအလျောက်အနာဖေးတက်လာသည်...

နေကွယ်ရင်လထွက်မယ် ကြယ်တံခွန်တို့သက်တမ်းရင့်လာတဲ့အခါ ကမ္ဘာမြေပေါ်သက်တမ်းကြွေသွားလိမ့်မယ်....

ကြီးမားပြီး‌နှလုံးသားမဲ့တဲ့သဘာဝတရားထဲမှာ လူသားတွေက နှင်းမှုန်တွေသာသာပဲ...

နေရောင်ခြည်နဲ့တွေ့ရင် အလိုလိုအရည်ပျော်ကျသွားလိမ့်မယ်...

မတည်မြဲခြင်းတွေက မြဲသောအနိစ္စတရား...

နန်းကြိုးမျှင်ကဲ့သို့ ခံစားချက်တွေကတော့ သေးမှုန်လွန်းလို့ တိုင်းတာစရာယူဇနာတို့မရှိခဲ့ပါပေါ့....

ထိခိုက်သွားတဲ့ခြေထောက်ဒဏ်ရာရော ပွန်းပဲ့သွားရတဲ့စိတ်ဒဏ်ရာ‌ကော‌ ပြန်သက်သာသွားတဲ့ နွေမိုးဆွေဟာ ဝန်ထမ်းတွေအတွက် ကနဦးစီစဥ်‌ပေးထားတဲ့အဆောင်ခန်းဆီသို့ မျက်နှာသေနဲ့ပဲ ပြောင်းရွှေ့နေထိုင်ဖြစ်ခဲ့သည်။

ဝါယာကြိုး‌ရှော့ခ်ဖြစ်ပြီးမီးကျွမ်းသွားတဲ့ အရင်အခန်းတော့မဟုတ် ထိုအခန်းရဲ့ဘေးကပ်ရပ်အခန်းပင်။

စီမံကိန်းပြီးသွားတဲ့နောက် ရန်ကုန်မပြန်ပဲ သူအကြာကြီးဆက်နေသွားမယ်လို့ ရည်ရွယ်ထားခဲ့သမျှ အခုတော့ပြန်ပြင်ဆင်ဖို့အချိန်ဖြစ်လာသည်...

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now