'အလင်းရောင်မရှိတဲ့မြေအောက်ထဲမှာ သစ္စာတရားကိုတွန်ကြူးကာလို့'
သူ့ရဲ့ ဘဝထဲမှာ လှလှပပတောက်ပနေတဲ့ လမင်းလေးတစ်စင်းရှိတယ်
လမင်းရဲ့အလင်းရောင်ကို မော်ဖူးနေတဲ့ Cosmos ပန်းပွင့်လေးတစ်ပွင့်က ကမ္ဘာပေါ်မှာရှိတဲ့ ပန်းပေါင်းများစွာထက် သိမ်မွေ့လှပတယ် ....
ညလေတစ်ချက်တိုးတော့ ပွင့်ဖက်လေးမှာ ခိုနားနေတဲ့ ပိုးစုန်းကြူးလေး ပျံပြေးသွားတဲ့အခါ..ပန်းပွင့်ကလေးငိုကြွေးသွားတယ်
တကယ်တော့ Cosmos ပန်းလေးက သူ့ဘဝရဲ့အလှဆုံးလရောင်ထက် သိမ်နုတ်တဲ့ အစိမ်းရောင်မီးစုန်းလေးတွေကို ပိုနှစ်ခြိုက်သွားခဲ့တာပဲ...
ဘူဒိုဇာရဲ့လက်တံတို့က တူးမြောင်းဖော်မယ့် မြေရိုင်းနေရာရှိ ဂဝံမြေတွေကို ကြပ်ခဲညက်သိပ်တဲ့ မြေအောက်နက်နက်ထဲကနေ အပေါ်ဘက်သို့ ကျယ်လောင်စူးရှသောစက်သံတို့နဲ့ အရှိန်ပါပါ တူးထုတ်နေသည်။
မမောပန်းနိုင်သော စက်ပစ္စည်းအကူအညီတို့နဲ့ နေ့နေ့ညညကုပ်ယူဆွဲတင်လိုက်တဲ့အားဟာ အချိန်ခဏလေးအတွင်းမှာပင် သူတို့ရည်ရွယ်ထားတဲ့ ရေလွှဲတူးမြောင်းသဏ္ဍာန်ကို ပီပီပြင်ပြင်အကောင်အထည်ဖော်လာနိုင်သည်။
လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားကို လူသားဆန်မှုအပြည့် လက်ကိုင်ဆွဲထားတဲ့ နွေမိုးဆွေရဲ့ ခေါင်းဆောင်မှုအောက်မှာ လုပ်ငန်းခွင်အတွင်း ရေသာခိုအချောင်လိုက်ရဲသူမရှိ...
အလုပ်ခွင်တစ်ဝိုက်ဘယ်နေရာကိုပဲကြည့်ကြည့် ဖုန်မှုန့်သဲမှုန့်တွေ တထောင်းထောင်း,ထနေတဲ့ ကြမ်းရှရှမြင်ကွင်းမျိုးဆိုတာ အဲယားကွန်းခန်းထဲမှာသာ
တစ်ချိန်လုံးထိုင်ခဲ့ရတဲ့ အကြီးအကဲနွေမိုးဆွေအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်...လုပ်ငန်းစတဲ့ရက်ထဲက ထူးထူးဆန်းဆန်း မိုးနည်းသွားပြန်တာကြောင့်
မြေမှုန်တွေကမသိပ်ဝင်သွားပဲ နွေလယ်သဖွယ်ဖုန်ထူနေခဲ့သည်က တစ်ချက်တော့ကောင်းသည်ဟုဆိုရမည်..
![](https://img.wattpad.com/cover/179428709-288-k632232.jpg)
YOU ARE READING
နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]
Paranormalနိယာမတွေကိုချိုးဖျက်ပြီး ဆိုးယုတ်မှုတွေကိုကျော်လွန်၍... နက်ရှိုင်းတဲ့ချစ်မေတ္တာတွေနဲ့အတူ ငါ့ရဲ့စိတ်ဝိဉာဉ်ကိုစတေးကာလို့... ပိုင်းခြားထားတဲ့မင်းနဲ့ငါ့ကြားကနယ်နိမိတ်မျဉ်းကို မီးရှို့ပြာချပစ်လိုက်တယ် ဒါ့အတွက် ...ငါ့ပိုင်ဆိုင်တဲ့အရာအားလုံးကို မင်းအမည...