အခန်း(၅)

140 9 17
                                    

'မြွေဆိုး...မိုးဆွေ'


ပိတောက်တစ်ခတ်  မြေမှာသက် ....

သည်းမျက်ခြေက ဘောင်ဘင်ခတ်...

မကြုံဖူးတော့ အိန္ဒြေပျက်....

စက္ကူလေယာဉ်လေး ခေါက်ကာရက်....

မာနတရားကို ချိုးကာဖြတ်....

မင်းနှလုံးသားကို နှုတ်ခွန်းဆက်....

သိပ်မုန်းမိတာ ကမ္ဘာမြေတစ်သက်.....

တစ်ခုသော ဒုတိယနှစ်ဝက်စာသင်နှစ်၌...

"ပိတောက်တွေပွင့်တာတစ်ပင်လုံးခဲခဲလှုပ်ပဲဟေ့ ...."

"မနှစ်က ဒီဘက်အပင်ကမပွင့်ဘူးရော..."

အဖြူအပြာကျောင်းယူနီဖောင်းကိုယ်စီနဲ့ကျောင်းသားလေး‌ လေးယောက်မှာ ရွှေဝါရောင်ပန်းပိတောက်တို့ လှိုင်လှိုင်ဝေနေတဲ့ ပင်ယံထက်ကို လည်တဆန့်ဆန့်ဖြင့်တမေ့တမော ခေါင်းမော့ကြည့်နေကြလို့...

"ဟေ့ရောင် မိုးဆွေ မင်းငါ့ကို ပိတောက်တစ်ခိုင်လောက်တက်ခူးပေးစမ်းပါ..ငါ့မမကို ပိတောက်ခက်လေးပေးချင်လို့ကွ ..."

ဖြောင့်စင်းစင်းနှာတံထက်မှာ လေးထောင့်မျက်မှန်ကိုင်းလေးတင်ထားတဲ့ နွေမိုးဆွေမှာ မျက်မှန်ကိုဟန်လုပ်ပင့်တင်လိုက်ရင်း ဘေးကငနဲသားအား ခပ်‌စောင်းစောင်းဆွေကြည့်လိုက်သည်။

မြက်ကြိုက်တဲ့မြတ်ကျော်က နွားပြာကြီးနွားပွဲပြသလို  သွားတဖြီးဖြီး...

နွေမိုးဆွေတပ်ထားတဲ့မျက်မှန်က ပါဝါမပါ ဆရာကြီးစတိုင်ဖမ်းကာ ပဲများချင်၍တပ်ထားရုံသာ...

"ရော...မြက်ကြိုက်တဲ့မင်းနဲ့တော့ခက်ပြီ မြတ်ကျော်ရေ ကိုယ့်ခေါင်းကိုယ်လည်းပြန်စမ်းကြည့်ဦးဟ ဂျိုကတော်တော်မှကားရဲ့လားလို့ ..."

ဟားဟားဟားဟား ....

ဝင်းသုတနဲ့သီဟမှူးတို့ဆီကနေ လှောင်ရယ်သံတို့လျှံကျလာ၏။ မြတ်ကျော်ကတော့အလှောင်ခံရလည်းမရှက်နိုင်ပေ။
ကြိုက်မရှက်... ငိုက်မရှက်ဆိုသလိုပဲ သူ့မမကို ပိတောက်ပေးဖို့သာတာဆူလို့နေသည်။

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now