အခန်း(၁၇)

81 4 9
                                    

'မစဲသောမိုးပြေး...မပြယ်သောအငြှိုးအ‌တေး..မ‌ကြေသောသွေးကြွေး...'

မင်း နှလုံးသားနဲ့တီးခတ်ခဲ့တဲ့ သံစဉ်တွေက ကမ္ဘာလောကကြီးရဲ့ အဖိုးတန်ဆုံးငြိမ်းချမ်းခြင်းဆိုရင်...

မောင့်ဘဝနဲ့ချီ မွမ်းမံမြတ်နိုးခဲ့တဲ့ မင်းက စကြာဝဠာရဲ့ အတောက်ပဆုံးနေအဖွဲ့အစည်းပေါ့....

စိတ်မကောင်းစွာပဲ မောင်ကတော့ စကြာဝဠာအစွန်အဖျားပိုင်းက အမှောင်ထုချိုင့်ခွက်တစ်ခုဖြစ်ခဲ့တယ်....

ပုန်းညက်တိမ်လွှာတို့ကကြိုးဆင်‌လာတဲ့အချိန် ဆိတ်ဖလူးပွင့်‌ကြွေလေးတွေက အဖြူရောင်ပန်းကော်ဇောတစ်ခုကိုဖန်ဆင်းပေးခဲ့သည်။

ပန်းကော်ဇောဆီသို့ နင်းလျှောက်ပြေးလွှားသွားတဲ့ခြေသံတွေနဲ့ မစဲသောမောဟိုက်ပင့်သက်ခြင်းတွေက ညိုးရော်နေပြီဖြစ်တဲ့ ပုန်းညက်ပွင့်လွှာတွေကို အမှတ်တမဲ့ရှပ်တိုက်လို့သွားသည်။

စိမ့်ထွက်လာတဲ့သွေးစက်တွေက မရဏပြေးလမ်းတစ်ဝိုက်မှာ တစ်စက်ချင်းစီ
သွန်းလောင်းကြွေစဲနေခဲ့တဲ့အချိန် နောက်ကျောထက်ကနေ သစ္စာဖောက်ခံလိုက်ရတဲ့ စုန်းကဝေငယ်ဟာ တစ်ဖန်ထပ်ဝိုင်းခံလိုက်ရသည်။

မိခင်ဖြစ်သူကိုလည်း မျက်စိရှေ့မှာတင်မကာကွယ်နိုင်ခဲ့သလို အဘိုးဖြစ်သူကိုလည်းအသုံးမကျစွာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့သူဟာ အဆုံးမဲ့သတ်ဖြတ်ခြင်းမြစ်ပြင်ကြောမှာ အတွယ်တာမဲ့မဲ့ အမျှောချခံလိုက်ရပေသည်။

သွေးမျက်ရည်စီးကြောင်းတွေက သေခြင်းတရားရဲ့မြစ်ပြင်ကျယ်မှာ လှိုင်းထန်လာလေတော့ အသဲစိုင်ထဲကနေပါမသတီစွာပျို့အီတက်လာခဲ့ပြီ...

သူဒီလိုမျိုး ရူးရူးနှမ်းနှမ်း သတ်ဖြတ်ရတာကို အမုန်းကြီးမုန်းခဲ့သည်... ဒါကြောင့်လည်း မသန့်ရှင်းသော အရာအားလုံးနဲ့ဝေးရာဆီသူရှောင်ပြေးထွက်ခွာခဲ့တာ

ဒါမယ့် မွေးကထဲက တသမတ်သတ်မှတ်ပေးထားတဲ့ဖြစ်တည်မှုက နူးညံ့သောလက်ဖဝါးထက်မှာ သူ့ကို ရှင်သန်ခွင့်မပေးခဲ့ဖူး...

ဒီတစ်ခါမှာတော့ အကြင်နာတရားက သူကိုသေ‌ဆုံးစေလိမ့်မယ်ဆိုတာ သူသိနေနှင့်ပြီ...

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now