ဇာတ်သိမ်းပိုင်း

284 10 7
                                    

'ရိုးမြေကျ..'

နိယာမတွေကိုချိုးဖျက်ပြီး ဆိုးယုတ်မှုတွေကိုကျော်လွန်၍...

နက်ရှိုင်းတဲ့ချစ်မေတ္တာတွေနဲ့အတူ  ငါ့ရဲ့စိတ်ဝိဉာဉ်ကိုစတေးကာလို့...

ပိုင်းခြားထားတဲ့မင်းနဲ့ငါ့ကြားကနယ်နိမိတ်မျဉ်းကို မီးရှို့ပြာချပစ်လိုက်တယ်

ဒါ့အတွက် ...ငါပိုင်ဆိုင်တဲ့အရာအားလုံးကို မင်းအမည်နာမတပ်လို့ခေါ်ဆိုနိုင်ပါတယ် ...

ဗိုက်က ဟက်တက်ပြဲဓားဒဏ်ရာကြောင့် မျက်လုံးပြန်ပွင့်လာတဲ့နွေမိုးဆွေဟာ သူ့ဘေးပတ်ပတ်လည်မှာ တဖျစ်ဖျစ်တောက်လောင်နေတဲ့ မီးတောက်ကြီးတွေကိုမြင်လိုက်ရတဲ့အခိုက် ပါးစပ်အဟောင်းသားလေးနဲ့ ကြက်သေသေလို့သွားသည်။

ကိုယ်ကိုရုန်းကြည့်တော့လည်း အချောမသတ်ရသေးတဲ့သစ်သားစတွေကြောင့် ကျောသာပြဲသွားတယ် ...ဘာမှအရာမထင်

လက်ကိုလှုပ်‌ကြည့်တော့လည်း လက်ကောက်ဝတ်က နာကျင်တယ်ဆိုတာကိုတောင် သူ့အသိအာရုံဆီကမတုံ့ပြန်နိုင်တော့တဲ့အခြေအနေ...

ကြယ်ရောင်ကင်းမဲ့နေတဲ့ မဟူရာကောင်းကင်ထက်ဆီ စိတ်ပျက်လက်ပျက်မော့ကြည့်လိုက်ရင်း ပျက်သုဉ်းသွားခါနီးဝိဉာဉ်ငယ်ဟာ အလင်းရောင်နဲ့ဝေးရာဆီမှာ တဖြည်းဖြည်းချင်းနစ်မြုပ်သွားပေတော့မည်။

ပိုးစုန်းကြူးလေးတွေတောင်ရှာမတွေ့နိုင်တော့တဲ့ အမှောင်ထုရဲ့အဝေးဆုံးသော ဟိုးအဝေးဆုံးကို...

ဓားနဲ့အမွှန်းခံထားရလို့ သူတစ်ကိုယ်လုံးလည်း ရှိရှိသမျှအကြောတွေပျက်ကုန်လေရာ ခန္ဓာကိုယ်ထဲကနေ သွေးပေါင်းမြောက်များစွာပါထုတ်ယူခံလိုက်ရတော့ အသက်ရှုနေရတာတောင် တောင်၁၀တောင်ကိုတက်နေရသလိုမျိုး ပင်ပန်းနွမ်းနယ်လွန်းလှပြီ....

အခုသူ့အခြေအနေက အသက်ငင်နေရတဲ့ သေခါနီးအခြေအနေပေါ့

ရယ်စရာတော့ကောင်းသား... ချစ်ရသူအတွက် ဘာတစ်ခုမှမလုပ်ပေးနိုင်သေးဘဲ သူကပါ သေရတော့မယ်တဲ့လေ...

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now