အခန်း(၁၃)

85 4 0
                                    

'‌‌ မောင်ဟာ မင်းလက်ပေါ်ဝယ် လိပ်ပြာငယ်လေးပမာ ....'

လက်နှစ်ဖက်ကို ဆန့်တန်းကာလို့ ခြေစုံရပ်လိုက်ချိန်....

လေအေးစီးကြောင်းက အပြစ်ကင်းစင်သောပွင့်ဖတ်ကလေးတွေကို သူ့ဆီသယ်ဆောင်လာခဲ့တယ်....

ဤအလှတရားက သိပ်ကိုမွှေးပျံ့လွန်းတာမို့ မောင့်ချစ်သော သူလေးကိုလည်း မြင်ဖူးစေချင်ခဲ့ရဲ့....

လက်နှစ်ဖက်ကို တစ်ဖန်ဆန့်တန်းကာလို့ ကျောခိုင်းရပ်လိုက်ချိန်..

မျက်ရည်စီးကြောင်းက လောင်ကျွမ်းနေသောပြာမှုန်အပိုင်းအစတွေကို သူ့ဆီသယ်ဆောင်လာတယ်....

ဤမရဏတရားဟာ အလွန်ရုပ်ဆိုးအကျည်းတန်လှတာမို့....မောင့်ချစ်သောသူလေး မြင်သွားမှာကို စိုးထိတ်မိပါလေရဲ့...

လက်နှစ်ဖက်ကို မီးသင့်ဒဏ်ရာတွေနဲ့ ဆန့်တန်းကာလို့....သူ့မျက်ဝန်းတွေဆီ အုပ်ကာထိလိုက်ချိန်...

မေတ္တာရေစီးကြောင်းလေးက ပူနွေးသော ရင်ခုန်သံတွေကို အခုန်ရပ်သွားတဲ့နှလုံးသားဆီ တစ်ဖန်သယ်ဆောင်လာပြန်တယ်....

ဤချစ်ခြင်းတရားက ရင်တွေနာလောက်အောင် နက်ရှိုင်းလွန်းလှတာမို့...

တမလွန်စည်းမျဥ်းကို မောင့်ချစ်သောသူလေးအတွက် အပယ်ငရဲနဲ့အတူ ဖောက်ဖျက်ပစ်ရမယ်ဆိုလည်း....အနန္တကမ္ဘာချီအောင် မောင်ချိုးဖျက်ပစ်နိုင်လေရဲ့.....

မြန်မာဗျည်းအက္ခရာ၃၃လုံးထဲကမှ ဒဿမမြောက်ဗျည်းအက္ခရာဖြစ်တဲ့ 'ည'....

ဖမ်းဆုပ်မရတဲ့အမှောင်ယံဇာပဝါပါးနဲ့ ခြုံလွှားလှည့်စားထားတဲ့ နက်ရှိုင်းတိတ်ဆိတ်လွန်းတဲ့ 'ည'.....

'ည'ဟာ မီးခြစ်အိမ်ကလေးပိုင်ဆိုင်ထားတဲ့သက်ရှိတွေအတွက် အလင်းမဲ့သောအမှောင်ထုဖြစ်ပြီး မီးခြစ်ဆံလေး‌တွေသာပိုင်ဆိုင်တော့တဲ့ လိပ်ပြာငယ်လေးတွေအတွက်တော့ မီးမခြစ်ဘဲလင်းတဲ့ အလင်းထုဖြစ်ခဲ့တယ်....

အပင်မြင့်တွေကြားထဲမှာ ပုန်းကွယ်ခိုနားနေတဲ့ ညဇီးကွက်အော်သံက စောင်းလေကြိုးတီးခတ်ရာ ကခုန်လွင့်မြောနေလို့....

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now