အခန်း(၁၄)

118 5 2
                                    

'နှင်းဆီတွေကြွေ ...ခေါင်ရမ်းတွေဝေ....'

တစ်ခုသောမိုးရာသီ၏ ထွတ်မြတ်သောဝါဆိုပန်းခူးပွဲတော်ရက်မှာ ငယ်ရွယ်တဲ့ နေမင်းလေးတစ်စင်းဟာ နှင်းဆီနီနီလေးတစ်ပွင့်ကို အမှတ်မထင်ကောက်ရခဲ့တယ်.....

ပန်းနီနီလေးရဲ့ပိုင်ရှင်လေးကို လိုက်၍ရှာဖွေကြည့်သော် နှင်းဆီနီလေးတွေထက်တောင်လှပလွန်းတဲ့ စုန်းကဝေမိန်းမလှလေးတစ်ယောက်နဲ့ ဆန်းကြယ်စွာ ဆုံစည်းခွင့်ရခဲ့တယ်....

အဲ့ဒီနောက်မှာတော့ နုနယ်တဲ့နေမင်းလေးဟာ ရုတ်တရက်ဆန်လွန်းစွာပင် အချစ်ဆိုတဲ့အရာနဲ့ ပထမဆုံးထိတွေ့မိသွားတော့လေတယ်....

အမှတ်မထင် ကိုယ်မင်းကိုချစ်မိသွားတဲ့အခိုက်အတန့်မှာ အမှတ်တမဲ့ပါပဲ မင်းသူ့ကို ချစ်သွားခဲ့လိမ့်မယ်လို့ ကိုယ်ဘယ်ထင်ထားခဲ့ပါ့မလဲ....

လမ်းခုလပ်က ကိုယ့်ရဲ့နှင်းဆီနီ ....

သူပန်ထားတဲ့ပန်းနီနီ ...နေရာခဏလဲချင်သည်~~~

ကြင်နာသူလေးလှဖို့...အစွမ်းကုန်ကြိုးစားမည်~~~

ရင်မှာဒီလောက်ချစ်ပါသည်~~~

သူပျော်တာအမြဲတွေ့ချင်သည်~~~

အလှမ်းဝေးတဲ့ပန်းကလေးမြနှင်းဆီ~~~

အုတ်ရိုးတစ်ခုပေါ်က‌နေ ညရဲ့တိတ်ဆိတ်သောအသွင်ကို မျက်နှာမူကာလို့ဘာဂျာလေးတစ်ခုနဲ့ အလွမ်းတေးတွေသီကျူးနေတဲ့ အရိပ်လေးတစ်ရိပ်ရှိခဲ့သည်။

လင်းတစ်ခါ မှောင်တလှည့် အလင်းပေးနေရှာတဲ့ လစန္ဒာဟာ အဖော်မဲ့သောအလင်းထဲနစ်မြုပ်‌နေရှာတဲ့ တစ်စုံတစ်ယောက်ကိုညှိုးငယ်စွာငုံ့ကြည့်ကာလို့ ကြယ်တံခွန်တွေအား သူ့အလင်းရောင်တွေနဲ့အတူ ပိုတောက်ပခွင့်ပေးလိုက်သည်...

ထောင်ထောင်မောင်းမောင်းလူတစ်ယောက်က အုတ်ရိုးပေါ်ကအရိပ်လေးနားဆီသို့ ခြေသံလုံစွာ တိုးကပ်သွားလိုက်သည်ကို ကြယ်တံခွန်တွေကလှမ်းမြင်နေရ၏...

နှုတ်ဆိတ်စွာ ရပ်စောင့်ပေးနေတဲ့အချိန် ဝမ်းနည်းဖွယ်ရာခံစားချက်လှိုင်းလုံးတို့က မာကြောသောရင်အတွင်းတစ်နေရာဆီ မဖိတ်ခေါ်ပါဘဲ ပစ်ဆောင့်လာကြသည်...

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now