'မတရားမှုကို ကျူးလွန်သူရဲ့ သွေးနဲ့ဆေးပါ့မယ်'
ငါ၏နှလုံးအိမ်သည် မေတ္တာရေအေးတို့နှင့် ကမ်းလင့်လျှင် အေးချမ်းသော မေတ္တာဓာတ်နှင့် တုံ့နှင်းတတ်၏....
သစ္စာကြိုးတစ်သွယ်နှင့် ကမ်းလင့်လျှင်သော်
တည်မြဲသော သစ္စာဓာတ်နှင့် တည်တံ့စေ၏...အမုန်းတရားဖြင့်သာ လောင်မြိုက်ကမ်းလင့်လျှင်မူကား မပြယ်သောအငြှိုးတရားတို့ဖြင့် ငရဲထိတိုင် နာကျည်းပြာချတတ်၏...
တူးမြောင်းအသစ်တူးဖော်နေတဲ့နေရာမှာ နေ့ချင်းညချင်း ဂလိုင်ပေါက်တစ်ခုပေါ်လာပြီး အရိုးစုတွေထွက်ပေါ်လာတဲ့အကြောင်း မသိရှိကြသေးတဲ့ လူတစ်စုဟာ ရိုးမပေါ်၌ တောဝက်ပစ်ဖို့ပြင်နေကြသည်။
စိမ်းညှို့ညှို့သစ်ပင်အုပ်လိုက်ကြီးတွေကတောကြီးမျက်မည်းသဖွယ် ထူထပ်အုံ့စိုင်းနေကာ နေရောင်တိုးမပေါက်တဲ့ မြူတိမ်စိုင်တို့ရစ်သိုင်းနေသည့် မတ်စောက်သောအနောက်ရိုးမပေါ်ကိုသာမန်လူတို့မတက်ရဲကြပေ။
အမြင်အာရုံလှည့်ဖျားခံရကာ အိမ်ပြန်လမ်းပျောက်တတ်တာကြောင့် တောကျွမ်းတဲ့တောစပ်ကမုဆိုးတစ်ချို့ကတော့ ရံဖန်ရံခါတောလိုက်ထွက်တတ်ကြပြီး ဆေးဆရာတချို့တို့သည်သာလျှင် ရိုးမပေါ်တက်ကာ နှစ်ရက်တန်သည်သုံးရက်တန်သည် တရားထိုင်၍ ရိုးမကိုတိုင်တည်ပြီး ဆေးဖက်ဝင်အပင်တို့ရှာဖွေတတ်ကြသည်။
ထို့ကြောင့် ရိုးမပေါ်ရှိ လေထုမှာ စိမ့်အေးလတ်ဆတ်ပြီး လူရနံ့တို့ကင်း၏...
ရိုးမအပေါ်ဘက်မှာ ဝမ်းဖြူငှက်တွေပေါများပြီး ကံထူးရင်တော့ လင်းယုန်ငှက်တချို့ကိုပါ တွေ့မြင်နိုင်သည်။
ရိုးနိမ့်ပိုင်းမှာတော့ အနက်ရောင်လင်းတငှက်တို့က သမင်အသေကောင်တို့ရဲ့ ပုပ်သိုးဆွေးမြည့်သည့်အသားစိမ်းတို့ကို ကိုက်ဖြတ်စားသောက်ရင်း ရှင်သန်ကျက်စားလေ့ရှိကြသည်။
သန္ဓေပြောင်းတွေဖြစ်ကြတဲ့ မြူမှိုင်းညိုတို့တစ်အုပ်သည်သာ အကြိမ်ပေါင်းမနည်းရိုးမပေါ်တက်ကာလို့ အကြောက်အလန့်မရှိ တောကစားနေကြခြင်းပင်။
YOU ARE READING
နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]
Siêu nhiênနိယာမတွေကိုချိုးဖျက်ပြီး ဆိုးယုတ်မှုတွေကိုကျော်လွန်၍... နက်ရှိုင်းတဲ့ချစ်မေတ္တာတွေနဲ့အတူ ငါ့ရဲ့စိတ်ဝိဉာဉ်ကိုစတေးကာလို့... ပိုင်းခြားထားတဲ့မင်းနဲ့ငါ့ကြားကနယ်နိမိတ်မျဉ်းကို မီးရှို့ပြာချပစ်လိုက်တယ် ဒါ့အတွက် ...ငါ့ပိုင်ဆိုင်တဲ့အရာအားလုံးကို မင်းအမည...