အခန်း(၁၈)

87 3 4
                                    

'ပဲ့ကြွေလာတဲ့ ကောင်းကင်မျက်ရည်စက်‌တွေကို မောင့်လက်ဖဝါးနဲ့ခံတော်မူမည်......'

ဟမ်မူရာဘီ ကိုယ်ဓဥပဒေဆိုတာကိုကြားဖူးလား

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး...

သွားတစ်ချောင်းအတွက် သွားတစ်ချောင်းဆိုသလိုပဲ သူရေးဆွဲထားတဲ့ဥပဒေထဲမှာတော့ ....

ကွယ်လွန်ခဲ့ရတဲ့ အသက်တစ်ချောင်းအတွက် ကျူးလွန်သူတို့ရဲ့အသက်တစ်ချောင်းစီနဲ့ပြန်ပေးဆပ်ရမယ်ဆိုတဲ့ ‌သတ်မှတ်ချက်နဲ့သာ ထိုက်သင့်တဲ့အပြစ်ကြွေးကို ပြန်ယူချေမည်...

ကိုင်းတောစပ်တွေကြားကနေ မောဟိုက်နွမ်းနယ်စွာ ဦးတည်ချက်မရှိ လျှောက်ပြေး‌ နေတဲ့နွေမိုးဆွေဟာ တုန်လှုပ်ခြောက်ခြားမှုတို့ကြီးစိုးလျက် တစ်စုံတစ်ရာဆီကနေ ပြေးလွှားပြီးရင်းပြေးလွှားနေခဲ့သည်။

ရံဖန်ရံခါ ဆူးခြုံပင်တွေကြားထဲလည်း ကိုယ်ရှိန်မသတ်နိုင်ဘဲ ဝင်တိုးမိသလို ရွှံဗွက်အိုင်‌တွေထဲ၌လည်းခြေခေါက်ပြီးလူးလိမ့်လဲကျသွားရသည်။

ခေါင်းကအစ ခြေတဆုံး ရွှံ့ဗွက်သဲမှုန်တို့နဲ့ပေတလူးညစ်ပတ်နေလေကာ လူရုပ်တောင်မပေါ်တော့...

အဆူးစူးထားတဲ့ခြေဖနှောင့်ကလည်း ညိုမဲယောင်ကိုင်းတက်လာနေပြီး သွေးမလျှောက်တော့သဖြင့်ထောက်မရတော့ချေ။

သူကိုယ်တိုင်လည်းမငိုနေပါဘဲနဲ့ မျက်ရည်ဗုံးကတစ်လုံးပြီးတစ်လုံးလိမ့်ဆင်းလာလေသော် ဒေါသထွက်ထွက်ဖြင့်တောက်ခေါက်လိုက်ကာ လက်ခုံနဲ့အကြမ်းပတမ်းပွတ်သပ်ပစ်လိုက်သည်။

လူတစ်ရပ်စာလောက်ရှိတဲ့ မြက်ရိုင်းပင်တွေကြားထဲ ခြေတရွတ်တိုက်ဆွဲပြီး လူရိပ်တွေ့လိုတွေ့ငြားလိုက်လံရှာဖွေကြည့်လိုက်သော်လည်း ကံခေစွာပင် လူမပြောနဲ့ခွေးတစ်ကောင်ရဲ့အရိပ်တောင်မတွေ့ရပေ။

ဇော်ကြီးတို့လည်း ခု‌ချိန်‌လောက်ဆိုသဲနော်ကိုလိုက်ရှာနေမှာမို့ သူမျက်စိလည်နေတဲ့ လျှိုပြတ်နားဆီရောက်လာနိုင်ကာ သူ့ကိုပါရှာတွေ့ပြီးကယ်ဆယ်သွားဖို့ အပူတပြင်းမျှော်လင့်မိပါသည်။

နွေမိုးတွေဆွေလာတဲ့အခါ တိမ်ယံတွေမှိုင်းညှို့လာ၏....[COMPLETED]Where stories live. Discover now