Chapter 108လာမည့်နေ့တွင် မော့လျှိုကွေ့ ချင်ချန်းယီနှင့်သွားတွေ့ရမည်ဖြစ်သောကြောင့် သေချာပေါက်ပင် ယဲ့ချန်းဖုန်၏ဖိတ်ခေါ်မှုကို ငြင်းပယ်ရပေမည်။ ထပ်မံ၍ သူမဂိမ်းပြိုင်ပွဲအကြောင်းကို အစပြန်ဖော်လိုက်ကာ
" အဆုံးပိုင်းက တင်ဆက်သူရဲ့စကားက ဘာကိုဆိုလိုတာလဲဟင်.. ရှင်တို့စင်ပေါ်တက်ရမှာလား…"
" အဲ့လိုမဟုတ်ပါဘူး…"
မော့လျှိုကွေ့ထံမှ ငြင်းပယ်ခံရသဖြင့် ယဲ့ချန်းဖုန်အနည်းငယ်စိတ်ပျက်သွားသော်လည်း သူ၏နူးညံ့သောအသံကို ဆက်ထိန်းထားကာ ဖြေလိုက်သည် ။
" အဲ့ဒါဆိုရင်လည်း ကိုယ်မင်းကို သန်ဘက်ခါကြ လာခေါ်မယ်လေ…"
" ကောင်းပါပြီ…"
မော့လျှိုကွေ့ လုံးဝပင် ထိုကိစ္စအကြောင်းကို မပြောချင်နေပေ။ ထို့ကြောင့် သူမထပ်မံ၍စကားလွှဲလိုက်ပြန်သည်။
" အဲ့ဒါဆိုရင် တင်ဆက်သူကဘာကိုဆိုလိုတာလဲလို့…ချန်းဖုန် ရှင်ရောသိလား…"
" အဲ့ဒါနဲ့ပတ်သက်ရင်တော့ ကိုယ်တချို့တလေကြားမိသေးတယ်…ထိပ်ဆုံးအဖွဲ့ဆယ်ခုက တရားဝင်အခြေစိုက်နေရာမှာနေရလိမ့်မယ်တဲ့…ဒါပေမယ့် အသေးစိတ်တော့ ကိုယ်လည်းမသိဘူး…"
ဒါဆိုရင် မှန်နေတာပဲ..
မော့လျှိုကွေ့ မျက်မှောင်ကြုတ်မိသွားသည်။ ထိုအခြေအနေမှာ သူမ၏အိမ်မက်နှင့် တစ်ထပ်တည်းပင်။
သူမ၏ခံစားချက်များကို ဖုံးကွယ်ကာ ပြောလိုက်လေသည် ။
" ဒါဆိုရင် ရှင် ရှောင်တိနဲ့ဆုံရတေ့ာမှာပေါ့…ကျွန်မကြားမိတာတော့ သူလည်းအဲ့ပြိုင်ပွဲမှာပါပြီး သူ့ဂိမ်းကအတော်လေးအဆင့်ကောင်းတယ်တဲ့…ကောင်းတာပေါ့.. ရှင်သူ့ကိုတွေ့ရင် သူကောင်းကောင်းနေရရဲ့လားဆိုတာလေး ကြည့်ပေးထားလို့ရမလားဟင်…"
မော့လျှိုကွေ့၏တောင်းဆိုမှုကို ကြားလိုက်ရချိန်တွင် ယဲ့ချန်းဖုန်၏စိတ်အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။ သူမလေး ထိုကျေးဇူးမသိတတ်သည့်သူအတွက် မကောင်းသောလူတစ်ယောက်ကဲ့သို့ အမြင်ခံနေရသည်ကို သည်းမခံနိုင်ချေ။ ယဲ့ချန်းဖုန် ခဏတာတုန့်ဆိုင်းနေပြီးမှ
YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြောက်ဇာတ်ကောင်
Romanceအရင် တင်နေတဲ့ post အဟောင်းလေးက တင်လို့မရတော့လို့ အခုအသစ်လေးမှာ ဖတ်ပေးကြပါနော်????❤️