Chapter 134အဖွဲ့သားများမှာ သူတို့၏ စခရင်ပေါ်ရှိ အသွင်အပြင်နှင့်ပတ်သက်ပြီး ထိန်းချုပ်မရအောင် ပွက်လောရိုက်နေခဲ့သော်ငြား commentများပေးသည့်အပိုင်းသို့ ရောက်သောအခါတွင် ငြိမ်သက်သွားကြသည်။
အခန်းက ရုတ်တရက် ငြိမ်ကျသွားသည်။
"...ရှောင်တိ commentတွေက အမှန်တရားကို မသိတဲ့သူတွေ ရေးထားတာ။ မင်း အလေးအနက်ထားဖို့ မလိုဘူး"
ကျောက်ချွင်က သူမ၏ ဒေါသကို မျိုသိပ်ဖို့ ကြိုးစားရင်း အရင်ဆုံးပြောလိုက်သည်။
"သူတို့က ဘာမှမသိသလို နင့်ကိုလည်း နားမလည်ကြဘူး။ သူတို့က မော့လျှိုကွေ့ရဲ့ စကားတွေကိုပဲ နားထောင်ပြီး နင့်ကို တိုက်ခိုက်ဖို့ ဒီကိုရောက်နေကြတာ။ ဦးနှောက်မရှိတဲ့ အရူးတစ်စုကြောင့် စိတ်ရှုပ်ခံမနေနဲ့"
"အတိအကျပဲ။ သူတို့အားလုံးက မော့လျှိုကွေ့ရဲ့ စကားတွေကိုပဲ နားယောင်နေကြတာ နောက်ပြီး သက်သေမရှိဘဲ မင်းကိုနှောင့်ယှက်ချင်လို့ သူတို့ ဒီကိုရောက်လာကြတာ!"
အမြဲတမ်း သည်းခံနိုင်သည့် ကျန်းကျယ်မုံ့ပင်လျှင် ဒေါသထွက်နေသည်။
"သူတို့ ရေတပ်ကို ငှားထားတာပဲဖြစ်ရမယ်”
ဟန်ချောင်လည်း စိတ်တိုသွားပြီး
“ဒါမှမဟုတ်ရင် ဘယ်လိုလုပ် သူတို့တွေအများကြီး ဒီကိုရောက်လာမှာလဲ?"
"ငါတို့နိုင်ငံမှာ ဒီရေတပ်တွေကို ဆန့်ကျင်ဖို့ စည်းမျဉ်းတွေ ချမှတ်ရမယ့်အချိန်ပဲ။ သူတို့မှာ အသိဥာဏ်မရှိဘူး”
လင်ကျွင်းဖုန်က ဒေါသတကြီး လေမှုတ်ထုတ်လိုက်သည်။
"မော့လျှိုကွေ့က သူတို့ကို ဆေးမှတ်တမ်းလေးတစ်ခု ပြလိုက်ရုံနဲ့ သူမ ပြောသမျှကို ခြွင်းချက်မရှိ ယုံကြည်သွားကြတယ်။ နည်းနည်းတော့ မထူးဆန်းဘူးလား?!"
“…..”
မော့တိက သူ့မကောင်းသတင်းများကြောင့် အသင်းအတွက် မည်သို့ ထိခိုက်သွားစေမည်ကို စိုးရိမ်ရမည့်အစား သူဘယ်လို အနိုင်ကျင့်ခံနေရလဲဆိုတာကိုသာ စိုးရိမ်နေကြသည့် သူ့သူငယ်ချင်းများကို ကြည့်ရင်း သူ စိတ်ထိခိုက်သွားရသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြောက်ဇာတ်ကောင်
Romanceအရင် တင်နေတဲ့ post အဟောင်းလေးက တင်လို့မရတော့လို့ အခုအသစ်လေးမှာ ဖတ်ပေးကြပါနော်????❤️