Chapter 135

849 129 0
                                    


Chapter 135







ဂိမ်းပြိုင်ပွဲ၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော အင်တာနက်အသုံးပြုသူများပင် သတင်းကို စိတ်ဝင်စားလာကြသည်။ အခြားဆိုရှယ်ပလက်ဖောင်းများကို အသုံးပြုသူများက သတင်းကို ပိုမိုမြန်ဆန်စွာ သိရှိခဲ့ကြသည်။

အထူးသဖြင့် Weibo၌ -

အစောပိုင်းကတည်းက ပေါက်ကွဲထွက်နေခဲ့၏။

ဤကိစ္စက ဆန့်ကျင်ဘက်ပြောင်းလဲသွားမည်ဟု မည်သူက ထင်ထားမည်နည်း။

...နောက်ပြီး ဘယ်လိုတောင် မယုံနိုင်စရာကောင်းသည့် အလှည့်အပြောင်းတစ်ခုလဲ!!!

မော့လျှိုကွေ့၏ကျန်းမာရေး အစီရင်ခံစာက အတုအယောင်ဖြစ်ပြီး ယင်းကို သက်သေပြရန် ငြင်းလို့မရနိုင်သည့် အထောက်အထားများရှိသည်။ ထို့အပြင် ဤသတင်းများကို ရဲဌာနက ဖော်ထုတ်ခဲ့ခြင်းဖြစ်သောကြောင့် မော့လျှိုကွေ့၏ပရိသတ်များရော ရေတပ်ကပါ ယင်းကို ပြန်လည်ကယ်တင်ရန် ဘာမှ မပြောနိုင်ခဲ့ပေ။

မှန်၏။ မော့တိကို စော်ကားပြောဆိုနေသည့် မော့လျှိုကွေ့ကို ဆန့်ကျင်သောရဲတွေကို အပြစ်တင်စွပ်စွဲနေသည့် လက်တစ်ဆုပ်စာ အကြွင်းအကျန်လူတွေလည်း ရှိနေတုန်းပင်။ သို့ပေမယ့် အများစုကတော့ လျစ်လျူရှုခံခဲ့ရပြီး သို့မဟုတ် အပြောအဆိုခံခဲ့ရသည်။ မော့လျှိုကွေ့၏ ခေါင်းမာသော ပရိသတ်များသည်ပင်  သဘောမတူပေမယ့်လည်း တိတ်ဆိတ်နေခဲ့ရသည်။

ယခုအကြိမ် ကြေငြာချက်က မော့လျှိုကွေ့ သူမ၏ စိတ်ကျရောဂါအတွက် သက်သေကိုထုတ်ပြလိုက်သည့် အချိန်ကထက် ပိုမိုအာရုံစိုက်ခံရပြီး ထိတ်လန့် အံ့သြစရာကောင်းလှသည်။ အကြောင်းမှာ ဆေးမှတ်တမ်းအတုလုပ်သည့် ကိစ္စတွင် ဆရာဝန်တစ်ဦး ပါဝင်သောကြောင့်သာမက အခြားသော ဩဇာလွှမ်းမိုးနိုင်သည့် အရေးကြီးပုဂ္ဂိုလ်တစ်ဦး - ဟွာရှား၏ အချမ်းသာဆုံးသောသူ၏ သား၊ အခုလက်ရှိ ချင် Group ၏ နာမည်ခံ အထွေထွေမန်နေဂျာ ချင်ချန်းယီသည်လည်း ပါဝင်နေသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့် 'နာမည်ခံ'ဟု ပြောရသည်လဲ။ အကြောင်းမှာ  အတွင်းလူတစ်ဦး၏ပြောဆိုချက်အရ ချင်ချန်းယီက အလွန်အရည်အချင်းရှိသော်လည်း သူ၏အမှန်တကယ် ရာထူးအဆင့်အတန်းမှာ သူ့ဖခင် ချင်ကွမ်းကျယ်၏ရာထူးနှင့်ယှဥ်လျှင် ဒုတိယနေရာ၌သာရှိသည်။ သူက ပိုမိုမြင့်မားသော ရာထူးနေရာတွင် ခန့်အပ်ခြင်းခံရရန် စီနီယာမရသေးပေ။

ပြန်လည်မွေးဖွားလာသော အမြောက်ဇာတ်ကောင်Onde histórias criam vida. Descubra agora