Chapter 104လင်ကျွင်းဖုန် ဒေါသတကြီးဖြစ်သွားခဲ့သည်။
သူတို့မှာဖြင့် သုဝမ့်ကျင်းကို စာနာနေခဲ့တာ...သူမကတော့ ရှောင်တိကို ဆေးခတ်ဖို့ကြိုးစားခဲ့တယ်ပေါ့လေ...ဆေးခတ်တာ မအောင်မြင်တော့ မဟုတ်တမ်းတရားတွေ လျှောက်ပြောချင်နေတယ်ပေါ့...
“ခင်ဗျားရဲ့စွပ်စွဲမှုက မဆီလျော်လိုက်တာ...”
မော့တိက ရဲသား၏လက်တွင်းရှိ သက်သေများကို ညွှန်ပြလိုက်သည်။
“သက်သေတွေကဖြင့် ဒီမှာရှိနေတယ်မဟုတ်လား...”
“ကျွန်မမှာ ဘာမူးယစ်ဆေးမှ မရှိပါဘူး...ဆေးလည်းမသုံးရပါဘူး...ပြီးတော့ အခြားလူကိုလည်း တစ်ခါမှ ဆေးမခတ်ဖူးပါဘူး...အဲ့ဒါနင်ပဲဖြစ်ရမယ်...နင်ငါ့ကို အကွက်ချခဲ့တာ...ငါကဆင်းရဲပြီး နောက်ခံမရှိမှန်းသိလို့လေ...ဟုတ်တယ်မလား...”
“ဟန်ဆောင်နေတာ ရပ်စမ်းပါ...ဒါက မင်းအမှုအတွက် ဘာမှအထောက်အကူ မဖြစ်ဘူး...ငါဒီလိုမျိုးတွေ မြင်ရလွန်းလို့ရိုးနေပြီ...”
ရဲမေက သူမ၏ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် ပိတ်လိုက်သည်။
“ငြိမ်ငြိမ်နေစမ်းပါ... ရုတ်ရုတ်ရုတ်ရုတ်လုပ်တာနဲ့ ဒီကလွတ်မယ် ထင်နေတာလား...အိမ်မက်မက်နေလိုက်...သူမကိုခေါ်သွားကြ...”
“ဟုတ်ကဲ့...အမမန်...”
ငယ်ရွယ်သောရဲသားလေးက အမိန့်ရသည်နှင့် သုဝမ့်ကျင်းအား ခေါ်ဆောင်သွားတော့သည်။
ရဲမေ၏ရာထူးမှာ ပို၍မြင့်မားကြောင်း ထင်ရှားလေသည်။
“ထွက်ဆိုချက်အတွက် အားလုံး စခန်းကိုလိုက်ခဲ့ပေးနိုင်မလား...”
ရဲမေက လက်ခုပ်တီးကာဆိုရင်း ရှန့်ယွီချောင်ကို မေးလိုက်သည်။
“သိပ်မကြာပါဘူး...”
“ရတာပေါ့...ပြဿနာမရှိပါဘူး...”
သူတို့က ထပ်ခါထပ်ခါ ခေါင်းညိတ်ကြ၏။
ဤသို့ဖြင့် ရဲကားထဲသို့ဝင်ကာ အားလုံးလိုက်ပါလာကြတော့သည်။

KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားလာသော အမြောက်ဇာတ်ကောင်
Romansaအရင် တင်နေတဲ့ post အဟောင်းလေးက တင်လို့မရတော့လို့ အခုအသစ်လေးမှာ ဖတ်ပေးကြပါနော်????❤️