Chapter 123မော့တိက ဖုန်းဆက်မေးသောအခါ မုထျန်းဟန်ဘက်က အဆင်ပြေသည်ဟု ပြန်ဖြေခဲ့သည်။
မော့တိက ထိုသတင်းကို ပြန်ပြောပြသောအခါ ချန်ကျောင်းက ဝမ်းသာအားရပြောသည်။
“ဟုတ်ပြီကွ။ ငါ့ဦးလေးကိုဖုန်းဆက်ပြီး လူ (၄/၅)ယောက်စာ ထမင်းစားပွဲ ကြိုအမှာယူခိုင်းလိုက်မယ်။”
“အွန်း။ (၅)ယောက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။”
မော့တိက လိုင်သယ်စစ်ကိုတွေးမိပြီး ပြုံးလိုက်သည်။
“ကိုကို့ရဲ့သူငယ်ချင်းကောင်းတစ်ယောက်လည်း ပါချင်ပါလာနိုင်တယ်။ ဒါပေမဲ့ သေတော့မသေချာပါဘူး။”
“သူငယ်ချင်းကောင်းဆိုပါလား။ လိုင်သယ်စစ်ကို ပြောတာလား။”
ချန်ကျောင်းအပါအဝင် သူတို့တစ်ဖွဲ့လုံသည် လိုင်သယ်စစ်ကို သိကြသည်။ ဤလူပြက်တစ်ဖွဲ့လုံးသည် အသက်အရွယ်ကွာခြားမှု လုံးဝမရှိသည့်အလား အတော်လေးအတွဲညီကြသည်။
မော့တိက ခေါင်းညိတ်ပြသည်။
“ကိစ္စမရှိဘူး။ ငါ့ဦးငယ်က စိတ်မကွက်ပါဘူး။ အစ်ကိုလိုင်သယ်စစ်က ကိုယ်ရည်ကိုယ်သွေးထူးခြားတာဆိုတော့ မြူးမြူးကြွကြွ ဖြစ်သွားတာပေါ့။”
မော့တိသည် လိုင်သယ်စစ်၏ကိုယ်ရည်ကိုယ်သွေးအကြောင်း စဉ်းစားမိပြီး သူသည် ပျော်ပျော်နေတတ်သောသူဖြစ်သည်ကို သဘောတူထောက်ခံမိသည်။
အမှန်ဆိုရလျှင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်သော ဦးလေးစုန့်နှင့် ဗရုတ်သုတ်ခ လိုင်သယ်စစ်တို့ ပေါင်းရသင်းရ အဆင်ပြေပါ့မလားဆိုသည်မှာတော့ မသေချာပေ။
မော့တိအနေဖြင့် သူ၏မိသားစုဝင် မုထျန်းဟန်ကိုတော့ ဘယ်သောအခါမှ စိတ်ပူစရာမလိုပေ။ သူ၏ချစ်လှစွာသောကိုကိုက အားလုံးထဲတွင် EQ အမြင့်ဆုံးဖြစ်သည်။ မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံတိုင်း စိတ်သက်သာရာရစေသည်။ ဦးလေးစုန့်နှင့် မုထျန်းဟန်မှာ ပြဿနာမရှိလောက်ပေ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြောက်ဇာတ်ကောင်
Romanceအရင် တင်နေတဲ့ post အဟောင်းလေးက တင်လို့မရတော့လို့ အခုအသစ်လေးမှာ ဖတ်ပေးကြပါနော်????❤️