Chapter 102မော့တိက အိပ်ချင်စိတ်မရှိသော်လည်း ယနေ့မှာ အလွန်ပင်ပန်းခဲ့ရသည့်နေ့ ဖြစ်လေသည်။ ထို့အပြင် ဆေးမိခြင်း၏သက်ရောက်မှုများသည်လည်း ရှိနေလေရာ မော့တိက မနက်လေးနာရီ၌ အိပ်မောကျသွားခဲ့သည်။
မုထျန်းဟန်က အိပ်ပျော်နေသည့် မော့တိအား ပွေ့ချီကာ အိပ်ခန်းအတွင်း၌ နေရာချပေးလိုက်သည်။
မုထျန်းဟန်ပြန်လာသည့်အခါ လိုင်သယ်စစ်ပါးစပ်ဟလိုက်၏။
“မင်း မော့တိ အိပ်ပျော်သွားဖို့ မျှော်လင့်နေတာမဟုတ်လား...မင်းသူ့ကို အိပ်ဖို့မပြောလို့တောင် ငါအံ့သြနေတာ...”
“ငါပြောရင်လည်း သူသဘောတူမှာမှမဟုတ်တာ...”
မုထျန်းဟန်က မော့တိ၏ ဘာမှမကျန်တော့သော နို့ခွက်ကို ကောက်ယူလိုက်သည်။
“ဒါ့ကြောင့် မင်းသူ့နွားနို့ထဲ ပျားရည်ရောထည့်ပြီး အိပ်အောင်လုပ်လိုက်တယ်ပေါ့လေ...”
လိုင်သယ်စစ် သက်ပြင်းချလိုက်သည်။
“မြေခွေးအိုကြီး...ဒါက ဂရုစိုက်တာအနေနဲ့ ပြောလို့ရပေမယ့် တစ်ယောက်ယောက်ကို အိပ်စေချင်တယ်ဆိုတာက သားရဲတွေရဲ့အကျင့်ပဲ...”
“ဒါပေမယ့် မော့တိလေးက အတော်ခေါင်းမာတာပဲ...ငါ့အထင် သူမင်းကိုပဲ အားကိုးပုံရတယ်...”
လိုင်သယ်စစ်က မုထျန်းဟန်အား ငေးကြည့်လိုက်သည်။
“မင်းသာမရှိရင် သူ ငါ့ကိုတောင် အကူအညီတောင်းမယ်မထင်ဘူး...”
မုထျန်းဟန်က နို့ခွက်အလွတ်ကို စိုက်ကြည့်နေရင်း များပြားလှသောခံစားချက်များမှာ သူ၏မျက်ဝန်းထဲတွင် ထင်ဟပ်နေခဲ့လေသည်။
.........
နောက်နေ့မနက်တွင် မော့တိက နေမွန်းတည့်ချိန်အထိ အိပ်စက်ခဲ့ကာ ရီဝေဝေဖြင့် နိုးလာခဲ့သည်။
သူ ထရန်ပြင်လိုက်စဥ်မှာပင် ခေါင်းထဲ၌ တဆစ်ဆစ်နှင့် မခံမရပ်နိုင်အောင် ထိုးကိုက်လာခဲ့လေသည်။
VOUS LISEZ
ပြန်လည်မွေးဖွားလာသော အမြောက်ဇာတ်ကောင်
Roman d'amourအရင် တင်နေတဲ့ post အဟောင်းလေးက တင်လို့မရတော့လို့ အခုအသစ်လေးမှာ ဖတ်ပေးကြပါနော်????❤️