Chapter 105

985 139 3
                                    


Chapter 105







သုဝမ့်ကျင်းက သူမ၏ဇာတ်ကြောင်းကို ပြန်လည်အစချီခဲ့၏။

တစ်လအကြာက သူမအခန်းတံခါးဝသို့ လူအချို့ရောက်လာကာ ယွမ် ၁၂ သန်းကို တောင်းရမ်းခဲ့သည်။ သူတို့က ထိုငွေများမှာ သူမမောင်လေး၏ အကြွေးများဖြစ်ပြီး သူမ မပေးချေပါက သုဝမ့်လုန်အနေဖြင့် သူ၏လက်များကို နောက်ထပ် အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း ပြောခဲ့လေသည်။

သူမက ရဲကိုခေါ်ချင်ခဲ့သော်လည်း သုဝမ့်လုန်၏ ခြေချောင်းများ ကျိုးကြေနေပုံကိုပြခြင်းဖြင့် ခြိမ်းခြောက်ခံခဲ့ရသည်။ သူမသာ ရဲကိုတိုင်ကြားခဲ့ပါက သုဝမ့်လုန်၏ လက်ချောင်း သို့မဟုတ် လက်တစ်ဖက်တည်းကိုသာ ကျိုးကြေစေရုံတင်မဟုတ်၊ အသက်ကိုပင် အန္တရာယ်ပြုမည်ဖြစ်ကြောင်း ထပ်မံခြိမ်းခြောက်ခဲ့ပြန်သည်။ 

သုဝမ့်ကျင်း အလွန်အမင်း ထိတ်လန့်သွားခဲ့ကာ မည်သည့် ဆန့်ကျင်ဘက် အပြုအမူကိုမှ မလုပ်ဝံ့တော့ချေ။ သူမက သူမ၏မောင်လေးကို လွှတ်ပေးပါရန် ငိုယိုတောင်းပန်ခဲ့သော်လည်း ထိုသူတို့က လက်မခံခဲ့ချေ။ သုဝမ့်လုန်ကိုယ်ပေါ်ရှိ အရှိုးရာများကို ရိုက်ကူးထားသည့် ဓာတ်ပုံများကိုပါ ပြသလာခဲ့သည်။ 

ထို့နောက် သူတို့က လျော်ကြေးအဖြစ် အကြောင်းအရာတစ်ခုကို ညှိနှိုင်းလာခဲ့ကြသည်။

သူမက အစပိုင်းတွင် တွန့်ဆုတ်နေခဲ့မိသည်။ မည်သူ့ကိုမှ မထိခိုက်စေချင်သလို ထိုသူတို့နှင့်လည်း အပေးအယူမလုပ်ချင်ခဲ့ချေ။

ဒါပေမယ့် သူမ လုပ်နိုင်တာဘာမှမရှိဘူးလေ...သုဝမ့်လုန်က အများကြီးအကြွေးတင်နေခဲ့တာ...ပြီးတော့ သူ့အသက်ကလည်း အန္တရာယ်ရှိနေခဲ့တယ်...သူမအနေနဲ့ ပူးပေါင်းရုံအပြင် ဘာများရွေးချယ်စရာ ရှိဦးမှာတဲ့လဲ...

သူမက အပြစ်ကင်းပါတယ်...သူမလည်း နစ်နာသူပါပဲ...

အမမန်ကမူ ရဲစခန်းသို့ တိုင်ကြားမည့်အစား အပြစ်ကင်းသူအား ထိခိုက်စေသည့်လမ်းကို ရွေးချယ်ခဲ့သော သူမ၏လုပ်ရပ်အပေါ် နားလည်မပေးနိုင်ခဲ့ချေ။ သူမက သုဝမ့်ကျင်းအား ထိုလူများ၏ ပုံပန်းသဏ္ဍာန်နှင့် ဆက်သွယ်ရသည့်နည်းလမ်းကို မေးမြန်းခဲ့၏။ ထို့နောက် အေးစက်စက်မျက်နှာထားဖြင့် စစ်မေးသည့်အခန်းမှ ထွက်ခွာသွားခဲ့လေသည်။ 

ပြန်လည်မွေးဖွားလာသော အမြောက်ဇာတ်ကောင်Where stories live. Discover now