Chapter 110သူ၏ခန့်မှန်းချက်သာမှန်ကန်မည်ဆိုပါက ယဲ့ချန်းဖုန်၏ လျို့ဝှက်ကဒ်မှာ ယခင်ဘဝတွင် သူ့ကိုချန်ပီယံရအောင်လုပ်ဆောင်ပေးမည့်အရာဖြစ်သည်။ သူ၏မိန့်ခွန်းအရ ထိုအရာမှာ သုံးနှစ်တာမျှ လုပ်ဆောင်ခဲ့ရသော ဂိမ်းတစ်ခုဖြစ်သည်။
ယခုအချိန်၌ အချိန်တစ်နှစ်ပို၍နည်းခဲ့ရလေရာ ရလဒ်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
နေ့လည်ဆယ့်တစ်နာရီအချိန်တွင် အဖွဲ့ခေါင်းဆောင်များအားလုံးရောက်ရှိလာကြပြီဖြစ်သည်။ ဝန်ထမ်းမှ သူတို့ကို ဗီလာအချို့ဆီသို့ ခေါ်ဆောင်သွားပေးကာ ခေါင်းဆောင်များကို သူတို့စိတ်တိုင်းကျအိမ်ကို ရွေးချယ်စေသည်။
သူတို့ရွေးချယ်ရမည့်အိမ်မှာ သူတို့ရရှိထားသောအဆင့်အတိုင်းပင်ဖြစ်သည်။
ရှင်းရှင်းလင်းလင်းပင် ယဲ့ချန်းဖုန်ထိုစည်းမျဉ်းကို မမျှော်လင့်ထားသည့်အတွက် သူ၏မျက်နှာမှာ ခဏမျှမဲမှောင်သွားခဲ့သည်။
သူသာကြိုသိခဲ့မည်ဆိုပါက ယခုလိုအခြေအနေတွင် နေမည့်အစား သူ၏လျှို့ဝှက်ကဒ်ကိုသုံးလိုက်မည်ပင်။
ဗီလာနံပါတ်တစ်မှာ လေးထပ်ရှိပြီး နှစ်နှင့်သုံးတို့တွင် သုံးထပ်စီရှိကြကာ ဗီလာနံပါတ်သုံးမှာ ချောင်အကျဆုံးနေရာတွင်ရှိသည်။
အဆင့်ဇယားတွင်ပထမရရှိထားသော ဒဏ္ဍာရီလာဂိမ်းအဖွဲ့မှာ ဗီလာနံပါတ်သုံး၏ထိပ်ဆုံးအလွှာကိုရွေးချယ်လိုက်သည်။ ကြည့်ရသည်မှာ လူတိုင်းက ထိပ်ဆုံးအလွှာများမှာ လုံခြုံမှုအရှိဆုံးဟု ခံယူထားပုံပင်။
မော့တိ ဗီလာနံပါတ်နှစ်၏ထိပ်ဆုံးအလွှာကိုရွေးချယ်လိုက်သည်။
နောက်တစ်ဖွဲ့မှာ ရှောက်ချန်ခန်းတို့ဖြစ်ပြီး ဗီလာနံပါတ်တစ်၏ထိပ်ဆုံးအလွှာကို ရွေးချယ်ခဲ့သည်။
လေးခုမြောက်အဖွဲ့မှာ ဗီလာနံပါတ်သုံး၏ဒုတိယထပ်ကို ရွေးချယ်ထားပြီး တစ်ဖွဲ့တည်းသော မိန်းကလေးခေါင်းဆောင်ရှိသည့် လိချင်းချင်းတို့မှာ ဗီလာနံပါတ်နှစ်၏ဒုတိယထပ်ကိုရွေးချယ်ခဲ့သည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြောက်ဇာတ်ကောင်
Romanceအရင် တင်နေတဲ့ post အဟောင်းလေးက တင်လို့မရတော့လို့ အခုအသစ်လေးမှာ ဖတ်ပေးကြပါနော်????❤️