II

308 39 0
                                    

{ ဟာ .. ဟျောင်းကလဲဗျာ .. ကျွန်တော် ကျောင်းပိတ်ရက်မှာ လုပ်ချင်တာတွေ အများကြီး ရှိတာကို}

"အင်းပါ ငါ သိပါတယ် ဒါပေမဲ့ ဒီရက်ပိုင်း အလုပ်က oversea ထွက်စရာတွေပဲ များနေတာလေ"

{ဟျောင်းမရှိတော့ ကျွန်တော် လုပ်ချင်တာတွေ ဘယ်လို သွားလုပ်ရမလဲ}

"အင်းပါ ငါ အားတာနဲ့ အကုန် လိုက်လုပ်ပေးပါ့မယ် ဟုတ်ပြီလား"

ဒီလိုတွေသာ ကတိပေးရင်း အချိန်တောင် တော်တော် ကုန်သွားခဲ့တာပဲ။

ဒီရက်ပိုင်း အဖေက လုပ်ငန်းကို နိုင်ငံခြားဘက်တွေကိုပါ ချဲ့ထွင်ချင်နေတာမို့ ကျွန်တော်ကိုယ်တိုင် သွားနေရတဲ့ overseas ခရီးတွေဆိုတာ မနည်းမနော။ ဂွန်းနုအတွက် အချိန်ပေးဖို့ မပြောနဲ့ ကျွန်တော့်အတွက် အချိန်ဆိုတာတောင် မရှိ။

"အဲ့ကလေး ကျောင်းပြန်တက်နေရပြီလား"

"ဟုတ်။ အခု အထက်တန်း နောက်ဆုံးနှစ်တွေ ကျောင်းပြန်တက်နေရပြီဆိုတော့ စာပိနေတယ်လို့ ပြောပါတယ်"

ကျွန်တော့်အတွင်းရေးမှူး ပြန်ဖြေလာတဲ့ စကားမှာ ကျွန်တော် မျက်မှောင်ကျုံ့လိုက်မိတာတော့ အမှန်။ အချိန်တွေ အဲ့လောက်တောင် ကြာသွားခဲ့တာလား။

"အာ .. အဲ့ဒါကြောင့် ဒီရက်ပိုင်း ပေါ်မလာတာကိုး"

အရင်က ပေါ်လာရင် စိတ်အနှောင့်အယှက် ဖြစ်သလို ခံစားရပေမဲ့ အခုလို မပေါ်လာတော့လဲ နည်းနည်း စိတ်မကောင်းမိပြန်။

သူ ဆက်တဲ့ ဖုန်းတွေကိုလဲ ကျွန်တော် ကိုင်တစ်ချက် မကိုင်တစ်ချက် ဖြစ်ခဲ့သေးတာ။ နောက်ပိုင်း လေယာဉ်ပေါ် နေနေရတဲ့ အချိန်က ပိုများနေတော့ ဆက်သွယ်မှုဧရိယာ ပြင်ပကို အဲ့ကလေးလဲ နားကြားပျဉ်းကပ်သွားလို့ ထင်ရဲ့။ ဖုန်းမဆက်လာတာတောင် တော်တော် ကြာခဲ့ပြီ။

"သူ့ဆီက တခြား ဘာကိစ္စ ကြီးကြီးကျယ်ကျယ် ဖြစ်တယ်ရော မကြားဘူးမလား"

"ဟင် - ဟုတ် မကြားမိပါဘူး"

အတွင်းရေးမှူးတောင် ဟင်ခနဲ ဖြစ်သွားပုံအရ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေးအမြန်း ထူနေတာကို သူ အံ့ဩနေတာ သေချာတဲ့ပုံ။

Slow ShowWhere stories live. Discover now