XVI

256 34 4
                                    

"ရှန်ချန်ရွေ့ !! မင်း ငါ့ကို သွေးတိုးစမ်းနေတာလား"

ဂွန်းနုနဲ့ ဟန်မြစ်က ပုံတွေကို စားပွဲပေါ် ပြန့်ကျဲစေကာ အဖေဖြစ်သူ ပြောလာတဲ့ စကားတွေကို နားထဲ မဝင်။

"ကျွန်တော် ပြောပြီးပြီပဲ ကျွန်တော့်ဘက်က အကုန် ရုတ်သိမ်းတယ်လို့"

"ဪ မင်းက တော်တော် သတ္တိကောင်းနေတာပါလား"

"အခုချိန်က စပြီး ကျွန်တော်က အရင်လို ငြိမ်ခံနေတဲ့ ကောင် မဟုတ်တော့ဘူးဆိုတာ သိထားပေးပါ"

ပြောပြောဆိုဆို နေရာကနေ သူ ထထွက်လာတော့ အဖေက ဒေါသထွက်ပြီး တောက်ခေါက်က သူ့နာမည်ကို အော်ခေါ်နေပေမယ့် ရစ်ခီ တစ်ချက်ပြန် လှည့်မကြည့်ခဲ့။

သူ့ဘက်မှာ ဂွန်းနု ရှိနေပြီပဲ။ အရာရာ ရင်ဆိုင်ရဲတယ်။

ˏˋ°•*⁀➷

"ကျွန်တော် ပြောထားတာတွေ အဆင်ပြေလား"

သူ့ဘက်မှာ ရှိနေတဲ့ အတွင်းရေးမှူး တစ်ယောက်သာလျှင် ရစ်ခီ့အတွက် ယုံကြည်အားကိုးရာ။

"ဟုတ်ကဲ့။ အချက်အလက်တွေ အကုန် ပြည့်စုံပါပြီ။ ဒါပေမဲ့ ဒီကိစ္စက လူတော်တော်များများ ထိခိုက်နိုင်တယ် ထင်တယ်။ အဆင်ပြေပါ့မလား အကိုလေး"

"ရတယ်။ ကျွန်တော် ဖြေရှင်းနိုင်တယ်။ အဓိကက သူတို့ကို ထိုးချနိုင်ဖို့"

ကုမ္ပဏီနဲ့ အချိတ်အဆက်တွေကြားမှာ ခြစားနေတဲ့ ကိစ္စတွေသာလျှင် ချွဲအွန်းယောင်းကို သူ တွန်းလှန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း။

ရစ်ခီတို့ ကုမ္ပဏီရှယ်ယာအတွက်လည်း အထိအခိုက် ရှိလာနိုင်တယ် ဆိုပေမဲ့ ဒီနည်းလမ်းသာလျှင် သူရော ဂွန်းနုပါ ဒီလက်အောက်က ထွက်နိုင်မဲ့ နည်းလမ်းဆိုတာ ရစ်ခီ အသေအချာ သိနေတယ်။

စာရွက်တွေကို လှန်လျောကြည့်နေမိကာ တော်တော်လေး ခေါင်းရှုပ်စရာတွေချည်းမို့ ရစ်ခီ ဘယ်လို ဖြေရှင်းရမလဲ အကြံထုတ်နေမိချိန် ဖုန်းသံကြောင့် ငဲ့ကြည့်မိတော့ ပေါ်နေတဲ့ နာမည်ကို တွေ့တာနဲ့ ပြုံးလိုက်ကာ ဖုန်းကို လှမ်းယူကိုင်လိုက်တော့တယ်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Jul 04, 2024 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Slow ShowHikayelerin yaşadığı yer. Şimdi keşfedin