III

319 32 6
                                    

"ဂွန်းနု !! ထတော့ မနက်ကျောင်းသွားရ‌တော့မယ်"

ခုတင်ဘေးမှာ မြည်နေတဲ့ မနက် ဖုန်းနှိုးစက် အသံနဲ့ အတူ ကြားလိုက်ရတဲ့ အမေ့ရဲ့ အသံက ဂွန်းနုအတွက် မထူးခြား‌တဲ့ မနက် ပြန်ရောက်လာပြီဆိုတာ အသိပေးလိုက်သလိုပင်။

နှိုးစက်ကို ပိတ်ပြီးတဲ့နောက် ရေချိုးခန်းထဲ ဝင်ကာ ကျောင်းသွားဖို့ ပြင်ဆင်ပြီးတာနဲ့ လွယ်အိတ် ကောက်လွယ်ကာ အောက်ထပ်ကို ဆင်းလာတော့ ထမင်းစားခန်းထဲမှာ စောင့်နေတဲ့ အမေ့ဆီ အရင် လျှောက်သွားလိုက်တော့တယ်။

"ဒီနေ့ ကျောင်းမှာ ဘာလုပ်စရာ ရှိလဲ သား"

"မရှိပါဘူး .. ဘာလို့လဲ"

"မရှိရင် မင်းအကိုကြီးဆီ သွားလိုက်ဦး ပြန်ရောက်နေပြီ ကြားတယ်"

အမေ့အပြောကြောင့် ကျွန်တော် ချက်ချင်း တက်ကြွသွားမိတာ။

"ဟုတ်လား ဟျောင်းက အရမ်း အလုပ်များနေတော့ အနှောင့်အယှက် ဖြစ်မှာ စိုးလို့ ကျွန်တော် ဖုန်းတောင် မဆက်ဖြစ်တာ ကြာပြီ"

"ဟိုနေ့ကပဲ ရောက်တယ်တဲ့ သူ့အမေကတော့ အားကိုးရတဲ့ သားလေး အိမ်ပြန်ကပ်ပြီ ဆိုပြီး ဝမ်းသာအားရ အမေ့ကို လာပြော‌နေတာ"

အမေ ဆက်ပြောနေတာတွေ ကျွန်တော် ဘာမှ မကြားနိုင်။ အဓိကက ဒီနေ့ ကျောင်းတက်ပြီးလို့ အတန်းဆင်းတာနဲ့ ဟျောင်းကို ပြေးတွေ့ရမှာ ကျွန်တော့်ရဲ့ ပထမ ဦးစားပေး။

ˏˋ°•*⁀➷

ကျောင်းဆင်းတော့ ဆရာမက အတန်းကိစ္စ ခေါ်ပြောနေတာမို့ ရပ်ကာ နားထောင်နေရပေမဲ့ လူကတော့ နာရီကို တကြည့်ကြည့်။ ပြန်ချင်တဲ့ပုံ ပေါက်နေတဲ့ ကျွန်တော့်ပုံစံကို ဆရာမက သဘောပေါက်လို့ ထင်ရဲ့ စကားစ ဖြတ်ပေးလိုက်တာနဲ့ တပြိုင်နက် ခပ်မြန်မြန် လျှောက်ထွက်လာလိုက်ကာ ကျောင်းရှေ့ ရောက်တော့ ကောင်မလေးတွေ တနေရာကို ကြည့်ပြီး တိုးတိုး တိုးတိုး လုပ်နေကြတာမို့ ကြည့်လိုက်မိချိန်။

"ဟျောင်း"

သူ ကျွန်တော့်ကို ကြောင်ကြည့်နေတာမို့ ထူးဆန်းသလို ပြန်ကြည့်လိုက်ပေမဲ့ .. အာ .. ကျွန်တော် ပုံစံပြောင်းသွားတာ သူ မမြင်ရသေးဘူး။ သူ့အတွက် ဒါ ပထမဆုံးပဲ။

Slow ShowWhere stories live. Discover now