V

223 28 6
                                    

ဒီနေ့တော့ မိုးလင်းထဲက ကစားကွင်းသွားရအောင် ဆိုပြီး ဟျောင်းက ဖုန်းဆက်ခေါ်ထားတာမို့ သူ ပြင်ဆင်ကာ စောင့်နေရင်း တက်ကြွနေမိတာ။

အရင်ထဲကလဲ ဟျောင်းနဲ့ ဒီလိုတွေ အတူတူ သွားနေကျ ဆိုပေမဲ့ အခုကတော့ တစ်မျိုး ထူးခြားနေသလို။ ဟျောင်းဘက်က‌တော့ အရင်လို ကလေးကို လိုက်ပို့တာ ဆိုပေမဲ့ ကျွန်တော့်အတွက်ကတော့ အရင်လိုမှ ဟုတ်မ‌နေပဲ။

အိမ်ရှေ့ ကားဟွန်းသံ ကြားတာနဲ့ ချက်ချင်း ပြေးထွက်လာလိုက်ကာ သဘောတကျ ပြုံးရင်း ကားပေါ် တက်၊ ခါးပတ်ပတ်လိုက်တော့တာ။

"သွားကြမယ် ဟျောင်း"

"ဒီနေ့ ပိုတက်ကြွနေ‌ပါလား"

"ဟုတ်တယ် မရောက်တာ ကြာပြီလေ ဟျောင်းကလဲ"

"နှစ်ဝက်ရော ဖြေနိုင်လား"

ဟုတ်သား။ ဘာလိုလိုနဲ့ သူ နှစ်ဝက်စာမေးပွဲတောင် ဖြေပြီးခဲ့ပြီ။ ဒီစာမေးပွဲကြောင့် ဒီရက်ပိုင်း ဟျောင်းနဲ့ သိပ်မတွေ့ဖြစ်ခဲ့။ အထက်တန်းက အဆုံးအဖြတ်ပေးမှာမို့ ပိုအာရုံစိုက်နေတာတော့ အမှန်။

"ဖြေနိုင်တာပေါ့ အရမ်းဖြေနိုင်တယ်"

"တော်တယ် ဒါမှ ပတ်ဂွန်းနုပေါ့"

‌ဟျောင်းက ပြောလာရင်း လက်တစ်ဖက်က သူ့ခေါင်းထိပ်က ဆံစတွေကို ပွတ်ရင်း ဖွသွားပြန်တာ။

ဟျောင်း အဲ့လို လုပ်တိုင်း ကျွန်တော့် ရင်ခုန်သံတွေ ဗြောင်းဆန်နေတာ ဟျောင်း မသိဘူးမလား။

ကစားကွင်းဆီ ရောက်လာတော့ စနေနေ့ဆိုပေမဲ့ သိသိသာသာ လူရှင်းနေတာ။ ဒါပေမဲ့လဲ အဲ့ဒါ သိပ်အရေးမကြီး။ အဓိကက ဟျောင်းနဲ့ အတူ သူ စီးချင်တာတွေ စီးရရင် ရပြီလေ။

"ဟျောင်း ဘာအရင် စီးကြမလဲ"

"အရမ်းမြင့်တာတွေ မစီးဘူးနော်"

ထုံးစံအတိုင်း ငြင်းတာ အရင် စနေပြန်ပြီမို့ ရယ်လိုက်မိကာ

"အွန်းပါ ဟျောင်းရဲ့။ အာ့ဆို ပင်လယ်ဓါးပြ အရင်ဆုံး စီးကြမယ်"

ပြောရင်း လက်တွဲကာ ခေါ်သွားတော့ လူ သိပ်မရှိတာမို့ အများကြီး တန်းမစီရ။ အပေါ်ကို ရောက်သွားတာနဲ့ ဟျောင်းနဲ့ တူတူ ဝင်ထိုင်လိုက်ကာ ငဲ့ကြည့်မိတော့ ဟျောင်းက သူ့ဆံပင်တွေ လှန်မှာ စိုးသလို သနေတာလေ။

Slow ShowWhere stories live. Discover now