VI

219 29 11
                                    

ဟျောင်းပေးထားတဲ့ ကတိကြောင့် သူ စာကြိုးစားနေတာ နေ့နေ့ညည မအားနိုင်။ သူသာ တကယ် ကြိုးစားရင် ဟျောင်းက ဘာမဆို လိုက်လျောပေးမယ် ပြောထားတာပဲလေ။

ဟျောင်းကို ဘယ်အချိန်ထဲက ကျွန်တော် ဒီလို သဘောကျသွားတာလဲ ဆိုတာကို တိတိကျကျ မပြောနိုင်ပေမဲ့ ဟျောင်းအပေါ် ခံစားချက် ပြောင်းလဲနေတယ် ဆိုတာ ကျွန်တော် သိခဲ့ရတဲ့အချိန်က အထက်တန်း နောက်ဆုံးနှစ် မတက်ရသေးခင် ကျောင်းပိတ်ရက် အပိုင်းအခြားမှာ။

အဲ့ရက်ပိုင်းတွေမှာ ဟျောင်းက အရမ်း အလုပ်ရှုပ်နေခဲ့ပြီး ကျွန်တော်နဲ့ တွေ့ဖို့တောင် အချိန်ရှိခဲ့တာ မဟုတ်။ ကျွန်တော် ဖုန်းဆက်ရင်တောင် တစ်ခါတလေ သူ မကိုင်နိုင်ဘူး။ အဲ့တော့ အဲ့နောက်ပိုင်း ဟျောင်း အနှောင့်အယှက် ဖြစ်မှာ စိုးလို့ သူ ဖုန်းမဆက်ဖြစ်ခဲ့။

ကျွန်တော့်ရဲ့ စိတ်အခြေအနေ ပြောင်းလဲမှုက အဲ့အတောအတွင်းမှာ တော်တော်လေး သိသာလာခဲ့တာ။ ဟျောင်းကို လွမ်းတဲ့စိတ်၊ ဟျောင်းကို တွေ့ချင်မိတဲ့ စိတ်တွေက ဟျောင်းနဲ့ ပတ်သက်ပြီး ညစ်ပတ်တဲ့ အိပ်မက်ကို ကျွန်တော် မက်ခဲ့ရတယ်လေ။

လူပျိုဖော် ဝင်ရင် ဒီလိုတွေက ဖြစ်တတ်တယ် ဆိုပေမဲ့ ကျွန်တော့်အတွက်ကျ ထူးထူးခြားခြား 'ဟျောင်း' ဖြစ်နေခဲ့တာ။ ဒီလိုဆိုမှတော့ ကျွန်တော်ကိုယ်တိုင်‌ ဟျောင်းအပေါ် သဘောကျနေတဲ့ စိတ်ကို လိမ်ထားစရာ ဘာအကြောင်းမှ မရှိတော့ဘူးလေ။

ˏˋ°•*⁀➷

"ဟျောင်း လာကြိုမှာလား"

'အင်း မင်း သွားချင်တာ ရှိလို့လား'

"အဲ့လိုတော့လဲ မဟုတ်ပါဘူး ~ ဟျောင်း အားရဲ့လား သိချင်တာ"

'အားပါတယ် ဒါပေမဲ့ ညနေကျ conpany dinner တော့ ရှိနေတယ် ပြင်ဆင်ရဦးမှာ'

"အာ .. အဲ့ဒါဆိုရင်တော့ ရပါတယ် လာမကြိုပါနဲ့တော့"

'အင်း။ အန်တီတို့လဲ လာမှာလေ မင်းလဲ အတူတူ လိုက်ခဲ့ရမှာနော်'

ဪ။ အမေ ပြောတဲ့ ရှယ်ယာရှင် တွေ့ဆုံပွဲက ဒါနဲ့ တူတယ်။ ဖုန်းပြောရင်း အမေက လိုက်ခဲ့ဖို့ ပြောထားတဲ့ ပွဲကို သတိရသွားမိတာ။

Slow ShowWhere stories live. Discover now