I

795 50 0
                                    

ဒီနေ့လဲ တခြားရက်တွေနဲ့ မထူးခြားနား အလုပ်များတဲ့ နေ့။ မိုးလင်းထဲက လုပ်နေတဲ့ အလုပ်တွေက မပြီးနိုင်လိုက်တာ အခု ညနေတောင် စောင်းပြီ။

"ဟျောင်း!!"

ဒီအသံကို ကြားလိုက်တာနဲ့ ညနေ ၄ နာရီ ထိုးပြီဆိုတာ ကျွန်တော် အလိုလို သိလိုက်တယ်။ မျက်မှန်ကို ပင့်တင်ပြီး မော့ကြည့်လိုက်တော့ မျက်မှန်အထူကြီး တပ်၊ သွားထိန်းအပြည့်၊ အုန်းမုန့်ခွက်ကေနဲ့ ကောင်လေးကို မြင်လိုက်တော့ တစ်ချက်ပဲ ပြုံးပြလိုက်ပြီး လုပ်စရာ ရှိတာကို ဆက်လုပ်နေတော့

"ဟာ .. ရစ်ခီဟျောင်း .. အလုပ်မလုပ်နဲ့တော့လေ ကျွန်တော်နဲ့ မုန့်တူတူစားမယ်လို့ ကတိပေးထားတာကို"

အနားမှာပါ လာထိုင်ကာ ဂျီတိုက်နေတဲ့ ကောင်လေးကို ငဲ့ကြည့်ကာ ရယ်လိုက်မိရင်း

"အင်းပါ ခဏလေး စောင့်ပါဦး ဒါလေး အပြီးသတ်လိုက်ဦးမယ်"

"ဟျောင်းက အမြဲ အဲ့လိုပဲ"

ပြောပြီး ငြိမ်သွားတဲ့ ကောင်လေးကြောင့် ငဲ့ကြည့်လိုက်မိပြန်တော့ စကားနဲ့ အတွန့်တက်ပေမဲ့ ခုံမှာ သွားထိုင်စောင့်နေတာကို မြင်ရတာမို့ မရယ်မိပဲ မနေနိုင်ပြန်။

"မုန့်စားတာတော့ ဟုတ်ပါပြီ ဘာစားမှာလဲ"

"ဟီး .. ဘာစားရမလဲ ကျွန်တော်ကတော့ ထုံးစံအတိုင်း cake နဲ့ choco milk ပဲ ရွေးမှာ"

သူဖြေလိုက်တဲ့ အဖြေကြောင့် ကြည့်ရယ်လိုက်မိရင်း စားပွဲကနေ ထလိုက်ပြီး ပိုက်ဆံအိတ်နဲ့ ကားသော့ကို ယူကာ အနားလျှောက်သွားလိုက်တော့ ချက်ချင်း ထရပ်လာကာ ကိုယ့်ရှေ့ လာရပ်တာမို့ ခေါင်းလေးကို လှမ်းပုတ်လိုက်မိပြန်ရော။

"ဟ ပတ်ဂွန်းနု! မင်း အရပ်တောင် တော်တော် ရှည်လာပြီပဲ"

"ဟုတ် ~ ဒီရက်ပိုင်း နည်းနည်း အရပ်ပိုထွက်လာတယ် မိုက်တယ်မလား"

သူ့အရပ်ကို ကြွားနေတာကြောင့် မကြည်သလို ကြည့်လိုက်ကာ ခေါင်းခါလိုက်‌မိတော့တယ်။

"အင်းပါ မိုက်ပါတယ် လာ .. သွားကြရအောင်"

ပြောလိုက်တာနဲ့ တပြိုင်နက် တက်ကြွသလို ဘေးက ပါလာတဲ့ ကောင်လေးကို ထိန်းမနိုင်သလို ကြည့်ပြီး ရစ်ခီကိုယ်တိုင်လဲ နောက်ကနေပဲ လိုက်လာကာ ကားနားရောက်တော့ တူတူ တက်ထိုင်လိုက်တော့တယ်။

Slow ShowWhere stories live. Discover now