XIV

271 40 8
                                    

ဂွန်းနုရဲ့ တစ်နေ့တာ ဘဝမှာ 'ဟျောင်း' ဆိုတဲ့ စကားလုံး ပျောက်ဆုံးနေခဲ့တာ အချိန်တောင် နည်းနည်း ကြာသွားခဲ့ပြီ။

ပျောက်ဆုံးတယ် ဆိုတာထက် သူကိုယ်တိုင် မေ့ထားခဲ့တယ် ဆိုပြီး သုံးနှုန်းတာက ပိုမှန်ပါလိမ့်မယ်။ အခုချိန်မှာ သူ ဟျောင်းနားကို သွားချင်စိတ် ရှိမနေ။ ဟျောင်းစိတ်ထဲမှာ ဘာတွေ တွေးနေတယ်ဆိုတာ သူကိုယ်တိုင်လည်း မသိတော့သလို သိ‌ရအောင်လည်း မကြိုးစားချင်တော့။

ကြိုးစားရင် သူပဲ နာကျင်ရမှာ အသေချာပဲလေ။

ဘတ်စဘောကလပ်ထဲ သူ ရောက်နေတာ မကြာသေးပေမဲ့ သူ တော်တော်လေး ဆရာကျနေပြီ။

ကလပ်ထဲမှာ သူ တော်တော်လေး နေရာယူပြီ ဖြစ်သလို ပွဲနည်းနည်းပါးပါးလဲ ဝင်ပြိုင်ဖြစ်နေတာ။ ဒီကလပ်က ပြိုင်ပွဲတွေကြောင့် ညနေတိုင်း လေ့ကျင့်ရေး ဆင်းနေရတာက သူ့အတွက်တော့ အချိန်ဖြုန်းစရာ တစ်ခုလို ဖြစ်နေခဲ့တယ်။

သူ သွားမတွေ့တဲ့အပေါ် ဟျောင်းကလည်း သူ့ဆီ လာမတွေ့ခဲ့။ သူ့မျက်စိရှေ့မှာ ဟျောင်းကိုယ်တိုင်ကလည်း လိုလိုလားလား ပေါ်မလာခဲ့ပါဘူး။

"ဝါးး ဂွန်းနု ~ တော်တယ်"

ပွဲပြီးတော့ အားပေးသံနဲ့ အတူ ဘေးရောက်လာတဲ့သူ တစ်ယောက်ကြောင့် သူ ပြုံးလိုက်မိတာတော့ အမှန်။

"မက်သရူးဟျောင်း ဒီနေ့ အတန်းမရှိဘူးလား"

"အွန့် ~ ဒီနေ့က စာတမ်းတင်ရုံပဲဆိုတော့ ဒီဘက်ကို ထွက်လာလိုက်တာ"

"အာ ~ အာ့ဆို အတော်ပဲ တူတူပြန်ကြမယ်လေ"

"အိုခေ အပြင်ကပဲ စောင့်မယ်"

မက်သရူး ထွက်သွားတာကို လိုက်ကြည့်ပြီးမှ အဝတ်လဲခန်းဘက် လျှောက်မယ် အလုပ် လှမ်းမြင်လိုက်ရတဲ့ အရိပ်အယောင်က သူ့ မသိစိတ်ထဲက လွမ်းဆွတ်နေတဲ့ သူ ဆိုတာ သူ တပ်အပ်ပြောနိုင်တယ်။

"ဂွန်းနု"

"..."

"ဟျောင်းကို ‌မနှုတ်ဆက်တော့ဘူးလား"

"- မဟုတ်ပါဘူး ဒီတိုင်း"

"စကားပြောရအောင်"

Slow ShowWhere stories live. Discover now