X

230 36 2
                                    

အဲ့နေ့က စပြီး ဂွန်းနု ရစ်ခီ့ကို အဆက်အသွယ် မလုပ်ခဲ့။ သူ မြင်သွားတာကို ဟျောင်း မသိလောက်ဘူး ထင်ပါတယ်။ သူ အဆက်အသွယ် မလုပ်လဲ ဟျောင်းဘက်ကလဲ ဆက်သွယ်လာတာမျိုး မရှိခဲ့တာမို့။

သူ့အတွက်က ဟျောင်းနဲ့ ပတ်သက်ပြီး ဘာမှ မျှော်လင့်လို့ မရတော့ဘူး ထင်ပါတယ်။ ဒီအမျိုးသမီးနဲ့ ဟျောင်းက အဲ့အဆင့်ထိ ရောက်ထားပြီးပြီ ဆိုတာ အဲ့နေ့က မြင်ကွင်းက သက်သေပဲ မဟုတ်လား။

'ဂွန်းနု ဘားသွားရအောင်'

ဖုန်းထဲက ပြောလာတဲ့ သူငယ်ချင်းရဲ့ ဖိတ်ခေါ်မှုကို သူ ငြင်းဆန်နေပေမဲ့ တစ်ဖက်လူကတော့ အတင်းကို ဆက်ခေါ်နေတာ။

'ဟျောင့် လာပါ စိတ်ပြေလက်ပျောက်ပေါ့ မင်း တွင်းအောင်းနေတာလဲ တော်တော်ကြာပြီ'

".. အေးကွာ ပြီးရော ပြီးရော လာခဲ့မယ်"

အချိန်တစ်ခုလောက် စဉ်းစားနေပြီးမှ အဖြေပြန်ပေးပြီး သူ ဖုန်းချလိုက်တယ်။ သူ့သူငယ်ချင်း ပြောတာလဲ ဟုတ်ပါတယ်။ သူ အိမ်ထဲ အောင်းနေတာ တော်တော် ကြာခဲ့ပြီ။

ကျောင်းလျှောက်တဲ့ ကိစ္စတွေ ပြီးသွားထဲက သူ ဝင်ခွင့် ရ မရ အဖြေကိုပဲ စောင့်နေရတာမို့ ထွေထွေထူးထူး လုပ်စရာက ရှိ‌မနေ။ သူ စဉ်းစားထားတဲ့ နှစ်ကျောင်းလုံးကို လျှောက်လွှာတင်ပြီး အင်တာ‌ဗျူး ဖြေထားခဲ့တာမို့ ဘယ်ကျောင်းကို ရမလဲ ဆိုတာပဲ သူ စောင့်ရတော့မှာပါ။

ရေချိုး ပြင်ဆင်ပြီးတာနဲ့ ဂွန်းနု သူ့သူငယ်ချင်း ပို့ပေးတဲ့ လိပ်စာဆီ တက်စီ ငှားပြီး ထွက်လာခဲ့တယ်။ ဘားဆိုပေမဲ့ ပိတ်ရက်မို့ ထင်ပါတယ် တော်တော်လေး လူစည်နေတာ။

ဆိုင်ထဲကို ဝင်လာ‌လိုက်တော့ ကောင်တာမှာ ဝိုင်းနေတဲ့ သူငယ်ချင်းကောင်တွေကို တွေ့လိုက်ရတာမို့ သူ အလိုက်သင့်ပဲ ဝင်သွားလိုက်တော့တာ။

"ဟျောင့် မတွေ့ရတာ တကယ် ကြာသွားပြီ"

"အင်း ငါလဲ အလုပ်တွေ ရှုပ်‌နေတာနဲ့"

သူ ရောက်ထဲက ဘားထဲက ကောင်မလေးတွေ အကြည့်က သူ့ပေါ်ပဲ ရောက်နေတာကို သတိထားမိပေမဲ့ စိတ်ဝင်စားမနေ။

Slow ShowWhere stories live. Discover now