XV

304 36 7
                                    

မနက်ခင်း ပြတင်းကနေ အလင်းဝင်လာတာက မျက်စိစူးတာမို့ ဂွန်းနု တစ်ယောက် မျက်မှောင်ကျုံ့ကာ တစ်ဖက်ကို လှည့်ဖို့ လုပ်လိုက်ပေမဲ့ ပခုံးရင်းပေါ်က ခပ်လေးလေး ခံစားချက်ကြောင့် တစ်စုံတစ်ရာကို သတိရသွားသလို ချက်ချင်း ပြုံးလိုက်မိတယ်။

ဘေးက အပေါ်ပိုင်း အဝတ်ဗလာဖြစ်နေတဲ့ ကိုယ်လုံးလေးကို ခပ်တင်းတင်း ဆွဲဖက်လိုက်တော့ 'umm.. ဂွန်းနုခု' ဆိုပြီး အလိုမကျသလို အသံလေး ထွက်လာတော့တာ။

ညက ဘာမှ မဖြစ်ခဲ့ပေမဲ့ အနမ်းပွင့်လေးတွေ လိုက်ခြွေတာက ဟျောင်းကိုယ်ပေါ်အထိ ရောက်ကုန်တာမို့။

မူးနေတဲ့ ဟျောင်းက တကယ်ကို လက်ရဲဇက်ရဲနဲ့ အကုန် တောင်းဆိုနေတော့တာ။ ချစ်ဖို့လည်း ကောင်းသလို ရယ်လည်း ရယ်ရသား။

နာရီကို ကြည့်မိတော့ နေ့လည်တောင် ရောက်နေပြီ။ ဟျောင်းကို ပိုတိုးဖက်ရင်း နှိုးတော့ အလိုမကျသလို အသံလေးက ဆက်တိုက် ထွက်လာတော့တာ။

"ဟျောင်း ထတော့ ..နေဖင်ထိုးနေပြီ"

"ဟင့်အင်း .. အိပ်ချင်သေးတာကို"

ဆက်တိုက် ငြင်းရင်း သူ့ခါးကို ဖက်ကာ ရင်ခွင်ထဲ ပိုတိုးဝင်လာတာက တကယ့်ကို ကြောင်ပေါက်လေးကျလို့။

"ဟာဗျာ ဟျောင်းကလ‌ည်း .. ချစ်သူတွေ စဖြစ်တဲ့နေ့ကို အိပ်ရင်း ကုန်လိုက်တော့မလို့လား"

သူပြောလိုက်တဲ့ အပြောမှာ အိပ်မှုံစုံမွှားနဲ့ မော့ကြည့်လာတဲ့ ဟျောင်း။ အသည်းယားသလို နှာခေါင်းထိပ်လေးကို ခပ်ဖွဖွ ကိုက်မိတော့ အသံခပ်ကျယ်ကျယ်နဲ့ ထအော်ပါလေရဲ့။

"အ!~ အွန်း အိပ်ရင်းတော့ မကုန်ချင်ပါဘူး ဂွန်းနုခု ဘာလုပ်ချင်လဲ။ မင်းလုပ်ချင်ဝာာ အကုန် လုပ်မယ်"

ကလေးလို ချွဲသံနဲ့ ပြောနေတာကို သူ သဘောကျသလို ရယ်မိလိုက်ပြန်တာ။ ဟျောင်းက တကယ် ဒီလောက်ထိ ချစ်ဖို့ကောင်းမှန်း သူ မသိခဲ့ရိုး အမှန်။

"ဟန်မြစ်သွားမယ် ~ ဒီနေ့ ကျွန်တော် အတန်းမရှိဘူးဆိုပေမဲ့ ဟျောင်းကရော? အလုပ်သွားရဦးမှာလား"

"ဟင့်အင်း ဒီနေ့က မင်းအတွက် အလုပ်နားမှာ အာ့ဆို သွားကြမယ်လေ"

Slow ShowWhere stories live. Discover now